၂၃။(ပြသာနာ​တွေနဲ့ကျ​နော်​....)

703 66 8
                                    

(Zawgyi)

ကျ​နော့်​ကို အတင်းအကြပ်​ချုပ်​ချယ်​သ​လောက်​

ကျ​နော်​သာ ပြန်​ချုပ်​ချယ်​မယ်​ဆိုရင်​

သူကျ​နော့်​ကိုသတ်​သွားမလား.....

~~~~~~~~

မနက်စာစားပြီးခန​လောက်ေ​န​တော့ jkကမ​ပြောမဆိုနဲ့အပြင်​ကိုထွက်​သွားတယ်​။ကျ​နော်​ည​နေစာပြင်​ပြီးသည်​အထိပြန်​မလာ....။​စောင့်​ပါ​သေးတယ်​ကျ​နော်​ဗိုက်​ဆာလာတာ​ကြောင့်​အချိန်​မလွန်​ခင်​စားလိုက်​တယ်​။ဆိုဖာမှာ ထမင်းစားပြီးထိုင်​နေတုန်း jinဖုန်းဆက်​လာသည်​။အဲ့လိုဆက်​လာပုံအရ​သေချာတယ်​သူတို့နဲ့jkအတူရှိမ​နေဘူးဆိုတာ။ထိုအချိန်​မှာမိုးကလဲ အုံ့​နေပြီ။jkထီးပါသွားမယ်​မထင်​။

"Hello...."

"Taehyung....jkဖုန်းမကိုင်​လို့ အိမ်​မှာရှိလား...."

"မရှိဘူး jin...."

"​အော်​အေး အဲ့​ကောင်​ဘယ်​သွား​နေလဲမသိဘူး....မင်းတစ်​ယောက်​ထဲအဆင်​ပြေတယ်​မဟုတိလား"

"​ပြေပါတယ်​...."

"So...bye taehyung...."

ငါဖုန်းဆက်​ကြည့်​သင့်​လား။မိုးစရွာမှ ငါ​ခေါ်ကြည့်​မယ်​လေ။

အချိန်​ခနအတွင်း မိုး​တွေရွာချလာတယ်​။အဲ့ကျမှ အ​တွေး​ပေါင်းများစွာနဲ့ဖုန်းဆက်​လိုက်​တယ်​။ringမြင်​နေချိန်​ကျ​နော်​ဟာ ကိုင်​မလား....ကိုင်​ပါ့မလား....မအားလို့များလား.....ချလိုက်​မယ်​....လို့အရာအားလုံး ခြုံ​တွေးပြီးအဆုံး ဖုန်းကိုနားနားက ခွာလိုက်​ချိန်​လေးအတွင်း jungkookရဲ့ထူးသံကိုကြားလိုက်​ရတယ်​။ချက်​ချင်း ဖုန်းကိုနားနား​ကောက်​ကပ်​ပြီး.....

"မိုးရွာ​နေပြီ jk.....ထီးမယူသွားတာအဆင်​ပြေရဲ့လား"

"ရတယ်​ငါjessicaအိမ်​မှာ မိုးတိတ်​သ​လောက်​ရှိရင်​ပြန်​လာခဲ့မယ်​"

"​အော်​....အ-အမ်​...."

"ဒါဘဲ​နော်​...."

ဖုန်းဆက်​ပေးတဲ့ ကျ​နော်​က အပို​ပေါ့။ဟိုမှာသူ့ဟာသူအဆင်​နေတာကိုသွား​နှောက်​သလိုဖြစ်​သွားပြီ....။အစကတည်းက မဆက်​ရင်​အခုလို ဖြစ်​မယ်​မထင်​ဘူး။ဖုန်းကိုအသာချပြီး​ဆိုဖာမှာ သက်​ပြင်းချမှီလိုက်​သည်​။ခနမှိန်းပြီး ပြန်​ထလာ​တော့ မိုးကတိတ်​နေပြီ။မိုးစက်​လောက်​သာကျ​နေ​တော့တယ်​။ဒါဆို jkလဲပြန်​လာ​လောက်​ပြီ။ဆိုဖာက ထပြီး​ရေသွား​သောက်​မယ်​အလုပ်​ဖုန်းက ထမြည်​တာ​တော့ ပြန်​ထိုင်​ပြီးဖုန်းကိုကြည့်​လိုက်​တယ်​။minဆီကဘဲ....jkလဲမရှိဘူးဆို​တော့ လွတ်​လွတ်​လပ်​လပ်​ဖုန်းကိုင်​လို့ရတာဘဲ။

 Ebullience (Z+U)Completed✔ Where stories live. Discover now