၁၆။(ခါးသီးမှု​တွေ​လျော့​ပေးပါ​ဗျာ)

758 73 4
                                    

Zawgyi

အထင်​နဲ့​ပြောတဲ့စကား​တွေက

အမှန်​တရားကိုသိတဲ့လူ​တွေအတွက်​

အရမ်းခါးတယ်​။

~~~~~~

နံရံကိုအမှီပြုကာအိမ်​ထဲဝင်​လာတဲ့ jkကို ကျ​နော်​ရပ်​ကြည့်​နေမိတယ်​။သူ့သူငယ်​ချင်း j hope နဲ့ rmက ၀ိုင်းတွဲကြတာ​ပေါ့။

"Jungkook​နင်​ဘယ်​တွေသွားတာလာလဲ....."

"လွှတ်​-စမ်းပါ......"

"ဘယ်​သူနဲ့ရန်​ဖြစ်​လာပြန်​ပြီလဲကွာ....."

"Kim - Taehyung​ရော....."

"ရှိတယ်​လေ​မီးဖို​ချောင်​မှာ jinနဲ့ညစာပြင်​နေတယ်​"

သူကျ​နော့်​ကို​မေး​တော့ ကျ​နော်​နဲနဲလန့်​သည်​။

"သူ့ကို​ခေါ်​ပေး....အခုချက်​ချင်း​ခေါ်​ပေး"

ကျ​နော့်​ကိုအတင်း​ခေါ်လို့​အော်​နေတာ ကျ​နော်​သွားရဲပါ့မလား။ဘာဖြစ်​လို့ဖြစ်​လာမှန်းလဲမသိ အချိန်​တိုင်း​ဒေါသပြ​နေတာ။

"ဘာမှမဖြစ်​လောက်​ပါဘူး လာငါပါလိုက်ခဲ့မယ်​taehyung....."

Jinနဲ့ကျ​နော်​မီးဖိုခန်းထဲကထွက်​လာသည်​။​ခြေလှမ်းအနည်းငယ်​လောက်​လှမ်းပြီး ကျ​နော်​jkရဲ့မနီးမ​ဝေးမှာရပ်​လျက်​။နှုတ်​ခမ်း​ထောင့်​နဲ့ မျက်​ခုံးနားမှာလဲ​သွေးစို့လို့။ဘာ​တွေဖြစ်​လာပြန်​ပြီလဲ ကျ​နော့်​ကြောင့်​ဘဲလား အကြည့်​တွေက ကျ​နော့်​ကိုမုန်း​နေလိုက်​တာဗျာ....။

Rmနဲ့ j hopeလက်​ထဲက ရှန်းထွက်​ပြီး ကျ​နော့်​ဆီ ယိုင်​နဲ့နဲ့နှင့်​လျှောက်​လာသည်​။

"KIM TAEHYUNG!.....min-jae ဆိုတဲ့​ကောင်​နဲ့မင်းနဲ့ကဘာ​လဲ...."

​ဒေါသတကြီးနဲ့ဒီလို​မေးပုံအရ​သေချာတယ်​minနဲ့သူရန်​ဖြစ်​လာပြီဆိုတာ။

"ငါ​မေး​နေတယ်​လေ! မင်းပါးစပ်​ကဒါမျိုးကျ​တော့ အ​နေတယ်​ဟုတ်​လား.... ဟို​ကောင်​နဲ့မင်းဘယ်​အဆင့်​ထိ​ရောက်​ပြီးပြီလဲ...."

သူ​အော်​လိုက်​တိုင်း ကျ​နော်​ကိုယ့်​ကိုကိုယ်​အပြစ်​သားလိုခံစားရပြီး မျက်​ရည်​တွေကျလာသည်​။ဒီလိုအ​ခြေအ​နေက ရပ်​လျက် မီးမြိုက်​ခံရသလိုဘဲ။

 Ebullience (Z+U)Completed✔ Where stories live. Discover now