၁၈။(သူမရှိရင်​လျစ်​ဟာ​နေ​ရော)

753 64 4
                                    

(Zawgyi)

ကျ​နော်​တို့ကအမှားတစ်​ခု​ကြောင့်​

တစ်​ခုခုရှိ​နေရခြင်းဘဲ။

သ၀န်​တို​နေလဲ ကျ​နော်​အတွက်​က

အချင်းအနှီးဘဲ။

~~~~~~~~~~

​နောက်​တစ်​နေ့မနက်​သော​စော​စော ကျ​နော်​နဲ့jk ကျ​နော့်​အိမ်​မှာ လိုအပ်​တဲ့ပစ္စည်း​တွေသွားယူကြတယ်​။ ကံ​ကောင်းချင်​တော့အိမ်​ရှေ့မှာ diverနဲ့သွား​တွေ့တယ်​။

"သားtae...."

"ဟာ....ဦး​လေး"

Jkကား​ပေါ်ကဆင်းပြီးတာနဲ့ ကျ​နော်​diverဆီ​ပြေးသွားခဲ့တယ်​။

"မင်း သူငယ်​ချင်းလား...."

ကျ​နော့်​နောက်​ကလိုက်​လာတဲ့ jkကို​မျက်​စပစ်​ပြကာ​မေးလာတယ်​။

"အာ...ဟုတ်​-ဟုတ်​တယ်​...ဒါနဲ့ ဦး​လေး ကျ​နော်​သူ့အိမ်​မှာ​ပေါင်း​နေဖို့....အဲ့ဒါ ကျ​နော့်​ကို ဒီအိမ်​လိပ်​စာမှာဘဲအကြိုအပို့လုပ်​ပေးနိုင်​မလား...."

"မင်းလဲသူငယ်​ချငိးနဲ့အ​ဖော်​ရတာ​ပေါ့​ကောင်းပါတယ်​လေ အဲ့မှာဘဲအကြိုအပို့လုပ်​ပေးမယ်​...."

"ကျ​နော်​တို့အထဲမှာလိုအပ်​တဲ့ပစ္စည်း​တွေသွားယူလိုက်​ဦးမယ်​...."

"ပြန်​လိုက်​ပါဦးမယ်​မင်း​ဒေါ်​လေးလဲမင်းကို​မျှော်​နေတယ်​"

"ဟုတ်​ကဲ့ ကျ​နော်​လာလည်​ပါ့မယ်​လို့​ပြော​ပေးပါ...."

Diverပြန်​သွား​တော့ ကျ​နော်​နဲ့ jkအိမ်​ထဲဝင်​လာခဲ့တယ်​။အိမ်​အ​ခြေအ​နေအရ ဘယ်​သူမှလာသွားပုံမရဘူး ။အထူးသဖြင့်​အ​မေနဲ့အ​ဖေ........။

"Jkက​အောက်​မှာခန​စောင့်​နေ ကျ​နော်​အ​ပေါ်မှာယူစရာရှိတာတက်​ယူလိုက်​မယ်​....."

"ဒါပြီးရင်​ငါသွားစရာရှိတယ်​မြန်​မြန်​လုပ်​....."

Jkက​အောက်​ထပ်​မှာထိုင်​စောင့်​နေတုန်းကျ​နော်​လဲအ​ပေါ်ထပ်​မြန်​နိုင်​သ​လောက်​မြန်​မြန်​အိတ်​ထဲအ၀တ်​အစားနဲ့စာအုပ်​တွေထည့်​လိုက်​တယ်​။

 Ebullience (Z+U)Completed✔ Where stories live. Discover now