၁၅။(​တစ်​ခါတစ်​ရံ​တော့လဲ....)

749 68 0
                                    

Zawgyi

တစ်​ချို့အချိန်​တွေမှာ

ကျ​နော်​ကို သူလူတစ်​ယောက်​လို​တောင်​

မမြင်​ပေးနိုင်​ဘူးဆိုတာ

ဖြစ်​သင့်​ပါတယ်​လေ

~~~~~~~~

ကျ​နော်​အပြင်​ကအသံ​တွေကိုကံ​မ​ကောင်းစွာနဲ့ကြား​နေရတယ်​။

"မင်း ဘာလို့အဲ့​လောက်​ထိ​ပြောလိုက်​ရတာလဲ jk"

Rmရဲ့​မေးခွန်းကို ကျ​နော်​အခန်းထဲ​ရောက်​တာနဲ့ချက်​ချင်းဆိုသလို​ကြားလိုက်​ရတယ်​။

"ဘာလဲ....အားလုံးဘာ​တွေဖြစ်​....."

"သူက ပန်းကန်​ဆေးမယ်​ပြောတာ အမှားပါလို့လား...."

"Jin.....မင်းက သူ​ဆေးတာလိုချင်​လို့လားပြန်​ခေါ်​ပေးမယ်​"

Jkရွဲ့​နေတာကျ​နော်​သိသည်​။ပြသာနာအစကကျ​နော်​ဘဲ။ဘာမှမ​ပြောဘဲ​နေ​နေတာမှပို​ကောင်းဦးမယ်​။

"Jungkook မင်းဘာဖြစ်​နေတာလဲ ငါတို့က taehyungကိုမင်းအခုထိလူလိုမဆက်​ဆံတာကိုမြင်​လို့​ပြောယုံပါဟ အခုလဲ​အော်​လွှတ်​လိုက်​တာ မလိုအပ်​တဲ့​နေရာမှာ...."

Sugaပါထ​ပြော​တော့ ငါ့​ကြောင့်​ငါ့​ကြောင့်​ဆိုပြီး ကိုယ့်​ကိုကိုယ်​ပါ​ဒေါသထွက်​လာမိတယ်​။

"​တော်​ကြ​တော့.....jungkookမင်းနဲနဲအကျင့်​ပြင်​တော့ အခုအ​ခြေအ​နေကအရင်​နဲ့မတူဘူး...."

Jimin​ပြောပြီးကတည်းက အားလုံးတိတ်​ဆ်ိတ်​သွားကြတယ်​။ကျ​နော်​မှန်းရသ​လောက်​jk​တော့အိမ်​ကတစ်​နေ​နေရာရာထွက်​သွားတယ်​ဆိုတာ.....။

ကျ​နော်​လဲ​ဆေး​သောက်​ပြီး အပြင်​ကိုထိုင်​ငေး​နေမိတယ်​။

"၀င်​လာမယ်​နော်​taehyung...."

တံခါးအပြင်​ကသတိ​ပေးပြီးတာနဲ့ အခန်းထဲကိုj hope၀င်​လာသည်​။ကျ​နော်​ချက်​ချင်းမတ်​တပ်​ရပ်​ပြီး ဘာလုပ်​လို့လုပ်​ရမှန်းမသိဖြစ်​လို့။

 Ebullience (Z+U)Completed✔ Where stories live. Discover now