အပိုင်း ၁၆

2.5K 449 43
                                    


Unicode Version

အခန်း (၁၆) - ရှစ်စွင်း ကျွန်တော်ကြောက်တယ်

မည်သူမျှပင် စကားတစ်ခွန်းဝင်မပြောဝံ့...

  ထောင်ပေါင်းများစွာသော ကျင့်ကြံသူအားလုံးတက်ရောက်သောဓားညီလာခံအတွင်းဝယ် ခေတ်တစ်ခေတ်အတွင်းရှိ ထင်ရှားကျော်ဇော်သောသူရဲကောင်းအချို့ပင်ပါဝင်လေရာ အားလုံး၏မျက်မှောက်ရှေ့၌ပင် အခြေတည်ဝိညာဥ်အဆင့်ရှိ လုကျီဖုန်းတစ်ယောက် လီဟွမ်ဟန်၏တစ်ချက်အဝှေ့အတွင်း ဒုက္ခိတဘဝကူးပြောင်းရောက်ရှိသွားသည်အား မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၏။

ကျင့်ကြံသူများအတွက်မူ အုတ်မြစ်ဗဟိုချက်ပျက်စီးသွားခြင်းသည် သေမျိုးများနှင့်မည်သို့မျှပင်မကွာခြားတော့၊ အခြေခံ ကပင်ပြန်လည်တည်ဆောက်ရပေတော့မည်၊ သူ၏အသက်တာအားချမ်းသာပေးခြင်းကပင် ကြီးစွာသောထောက်ထား ညှာတာမှု ဖြစ်ချေလိမ့်မည်၊ အထင်ရှားဆုံးအချက်မှာ အခြေတည်ဝိညာဥ်အဆင့်ခြင်း တူညီသည့်ပြိုင်ဘက်တစ်ဦး၏တစ်မူထူးခြားစွာအလဲထိုး အနိုင်ယူ​ခံလိုက်ရခြင်းဖြစ်ချေသည်။

ဤပြိုင်ပွဲ၏ရလဒ်အား ဖန်းလိုင်၏တပည့်များသာ ကျေနပ်မိကြ၏၊ လီရှစ်ကျုံး ၏လက်ရည်စွမ်းအား သူတို့သိလေသည်၊ ဤသည်မှာလည်းကျန်းရှန့်ကျွင်းကြောင့်ချည်းသက်သက်သာ မဟုတ်ဘဲ ချန်းကျန်းတောင်ထွဋ် အား ၎င်းတို့ရှောင်ကြဥ်ကြခြင်း၏ အကြောင်းပြချက်တစ်ခုပင်မဟုတ်ပါလော?

လီဟွမ်ဟန်သည် ကျင့်ကြံရေးလောက၏စံချိန်စံညွှန်းများအရငယ်ရွယ်ပြီး သူ၏မူလဇာစ်မြစ်အားလည်းမည်သူမျှမသိရှိရပေ၊ သို့ပေတည်းဖန်းလိုင်၏တပည့်များအတွက်မူ သူ၏သွေးနီရောင်မျက်လုံး၏ အကြည့်များကပင် ငရဲမင်းတစ်ပါးအလားတွေးထင်စေမိ၏။

လီဟွမ်ဟန် တိတ်တဆိတ်ရပ်နေ၏..သူ၏သွေးဓားမှ အလင်းဖျော့ဖျော့မှာသူ၏ခန္ဓာတွင်ရောင်ပြန်ဟပ်ဆဲ....

အကြောင်းပြချက်အချို့ကြောင့်လူတိုင်း သက်သာရာရသွားသည့်နှယ် သက်ပြင်းချလိုက်ကြသည်၊

လီဟွမ်ဟန် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အရေးမစိုက်ပဲ ဦးလှည့်လိုက်သည်၊ သူ၏အကြည့်တစ်စုံမှာ ဟေးဟွမ်စင်မြင့်ထက်ရှိ လူတစ်ဦးပေါ်၌သာဝေ့ဝဲကျရောက်လျှက်...

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now