အပိုင်း ၃၄

1.6K 284 56
                                    

Unicode Version

အခန်း ၃၄ ။ တွန့်ဆုတ်သောအသွင်။

တိတ်ဆိတ်သောည..
 
အပြင်ဘက်တွင်တော့ အချိန်ကြေငြာရန် မောင်းထုနေသော မိစ္ဆာငယ်လေးသာရှိလေသည်၊ လရောင်မှာတော့ ပြတင်းပြူတံခါးမှတစ်ဆင့် ကြမ်းခင်းပေါ်ထိတိုင် သက်ဖြာဆင်းသက်လျှက်။
 
ဤသည်မှာ ကျန်းရင်ဟယ်တစ်ယောက် ဝမ်ယောင်မြို့သို့ ပထမဆုံးရောက်ဖူးခြင်းသာ၊ ယခင်က ရှေးဟောင်းမိစ္ဆာများစွာနှင့် သူတွေ့ဆုံခဲ့ဖူးပြီး ကျင့်ကြံရေးလုပ်လိုသောမိစ္ဆာငယ်လေးများအား သူကြင်ကြင်နာနာဆက်ဆံခဲ့သည်ပင်၊ သို့တစေ အနှီသားရဲသဏ္ဍာန်မိစ္ဆာများသည်ကား ယဥ်ကျေးသောလူ့အဖွဲ့အစည်း ကဲ့သို့ဖြစ်နေလိမ့်မည်အား ဘယ်သောအခါကမှ သူမထင်ခဲ့ဖူးပါချေ။
 
ထို့အတူ ခုနှစ်ရက်ရွှင်လန်းခြင်းကလည်း သူ့အား ဤမျှဒုက္ခပေးနိုင်လိမ့်မည်ဟု သူမထင်မိ၊ တစ်ရက်တည်းသာ ကျန်ရှိသော်လည်း အလွန်အစွမ်းပြင်းထန်သည်မို့။
 
သူ၏ဆန္ဒမီးကြောင့်လောင်မြိုက်နေသော ခန္ဓာကိုယ်အား တည်ငြိမ်စေဖို့ရာ ကျန်းရင်ဟယ်တစ်ယောက် ပြတင်းပြူတံခါးရှေ့ထိုင်လျှက် အအေးခံနေရပေသည်၊ ပြီးသော်..အပြင်လွှာဝတ်ရုံအားချွတ်လျှက် အိပ်ရာဝင်ပါလေ၏၊ ဟုတ်သည်၊ သူ၏စိတ်အခြေအနေမှာတော့ ဆိုးရွားနေဆဲပင်...

သူ၏ဆရာကောင်းတစ်ယောက် ဖြစ်ချင်ခဲ့သောဆန္ဒများ ယိုးယွင်းသွားခဲ့မှုမှာ သူ၏အတွေးထဲ၌အဖန်ဖန်ထိုးနှက်နေသည်မို့၊ အိပ်ရာပေါ်တွင် လူးလိမ့်နေရင်းမှပင် သူ၏ခန္ဓာကိုယ် တဖန်ပြန်ပူလာကြောင်း သူသတိပြုမိလာရပေသည်။
 
ပုံမှန်အားဖြင့်..သူ့ကဲ့သို့သော ရေခဲအုတ်မြစ်ရှိသည့် ကျင့်ကြံသူတစ်ယောက်မှာ အစဥ်အမြဲအေးမြတည်ငြိမ်သင့်သည်လေ။
 
ကျန်းရင်ဟယ် စောင်အားခေါင်းထိဆွဲခြုံလိုက်ပါ၏ ၊ သူ၏ယုန်နားရွက်များသည်လည်း ဦးခေါင်းပေါ်သို့ လျှောကျလာခဲ့ကာ ဖုံးအုပ်သွားလေသည်၊ နားရွက်များ၏ခံစားချက်မှာထူးဆန်းပေစွ။

သူမအောင့်အီးနိုင်ပါတော့၊ သူ၏နားရွက်များအားပွတ်သပ်ပေးနေလေသည်၊ သို့တစေ အလင်းရောင်အောက်၌ သူ၏လက်နှင့်ထိတွေ့သည့်အခါမှာတော့ သူ၏နားရွက်များ ပါးများမှာ ပိုမိုပူနွေးလောင်ကျွမ်းလာသလို၊ ယခင်ထက်တောင်မှလေး။
 
ကျန်းရင်ဟယ် တစ်ဖက်သို့လှည့်အိပ်လိုက်ရင်း မျက်နှာကျက်အားငေးကြည့်ကာ အတွေးများအားရှင်းလင်းနေလေသည်၊ သူ၏အတွေးများမှာတော့ " မင်းကစောက်သုံးမကျတဲ့ကောင်ပဲ...မင်းဘယ်တော့မှ သန့်ရှင်းလာမဲ့ကောင်မဟုတ်ဘူး" ဟူ၍ ဘာသာကျိန်ဆဲလျှက်၊ သူ၏အာရုံများလားရာ အနှီနေရာထံသို့ကိုင်တွယ်လိုက်ပါ၏။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now