အပိုင်း ၂၂

2K 351 16
                                    

Unicode Version

အခန်း(၂၂) ။ ရှစ်စွင်း! မလှုပ်နဲ့

ညနေခင်းဝယ် ခရီးသွားများမှာ တည်းခိုခန်းတစ်ခုတွင်ရပ်နားကြပါ၏၊ နိုးကြားနေသောလမ်းများမှာ ဒေသခံများ၏ ဘဝအခြေအနေကို တစေ့တစောင်းလျစ်ဟပြနေသလိုလို၊ လူအများမှာ ခပ်သွက်သွက်ပင်သွားလာနေကြကာ လုပ်စရာရှိသည့်အမှုများ နေ့တဓူဝကိစ္စများပြုစမြဲပင်။

သူ၏အခန်းထဲ၌...ကျန်းရင်ဟယ် သည် ချင်းကျွင်းအတွက်အကူအညီရလိုရများ တစုံတရာအားရှာဖွေလို့နေဆဲ၊ သို့တစေမည်သည့်အရာမျှ ရှာတွေ့ခဲ့ခြင်းမရှိပါငြား။

ဤအခန်းသည်ကား လီဟွမ်ဟန်၏စနစ်တကျ ပြင်ဆင်ပေးထားခြင်းပေ၊ လီဟွမ်ဟန် သည်ကားသူ၏သွေးနီရောင်မျက်လုံးတစ်စုံအား ဖုံးကွယ်ထားခြင်းမရှိပါချေ၊ သို့ရှိလေရာ ဧည့်ကြိုနှင့်အခန်းစောင့်များ၏ အမြင်အာရုံအားဆွဲဆောင်မိသလိုပင်၊ သို့တစေ သူ၏အပြုအမူသည်ကား အနှီအချင်းအရာအား ဂရုမစိုက်ရေးချမစိုက်ပေ။

အနားယူနေစဥ်အတွင်း....ကျန်းရင်ဟယ်သည်ကားသေမျိုးလောကထဲမှဝယ်ယူထားသော စာအုပ်တစ်အုပ်အားလေ့လာရန် ပြင်လေ၏၊ အမှတ်မထင်ပင် ဝယ်ယူလိုက်သည်ဟုဆိုသော်ငြား ရုပ်ပုံများထည့်သွင်းဖော်ပြထားသဖြင့် ချက်ချင်းပင်သူ၏စိတ်အာရုံများကိုဆွဲဆောင်လာသည့်နှယ်။

ဖယောင်းဆီမီးအလင်းရောင်မှာတုန်ခါနေသည်နှင့်အမျှ နူးညံသိမ်မွေ့သောလရောင်မှာ ပြတင်းပြူတံခါးမှဆင်းသက်လာချေပြီ။

တံခါးခေါက်လာပေသည်....

ကျန်းရင်ဟယ် သည်ကား လှည့်၍ပင်မကြည့်ပဲ စာရွက်တစ်ရွက်လှန်လိုက်ပေသည် "ဟွမ်ဟန်? "

အတွင်းသို့လမ်းလျှောက်ဝင်လာသောအသံနှင့်အတူ အသိမှတ်ပြုသံကလည်းတွဲလို့၊ အနှီလူမှာ မီးလင်းဖိုအားဆွပေးလျှက် ပြတင်းပြူတံခါးလည်း တစ်ဝက်မျှ ပိတ်လိုက်သည်။

ညလေမှာ အေးစိမ့်နေသည်ဟုဆိုသော်လည်း ကျင့်ကြံသူများအတွက်တော့မူ မမှုလောက်ပါချေ။ လီဟွမ်ဟန် ထံမှအဖန်ရည်ငှဲ့ပေးလာမည်အား ကျန်းရင်ဟယ်မျှော်လင့်လျှက်။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now