အပိုင်း ၄၆

1.3K 205 26
                                    

Unicode Version

အပိုင်း ၄၆ ။ သူ အသိစိတ်တွေ ပျောက်သွားပြန်ပြီ။

ထျန်းမော့ကျောင်းတော်...

သွေးအိုင်အတွင်း သွေးအမြုပ်များ ကန်မျက်နှာပြင်ထက်သို့ တပွက်ပွက် ဆူပွက်နေ၏၊ ထိုစဥ် ကန်ရေ၏အောက်ခြေကနေ အနီ‌ရောင်မျက်လုံးတစ်လုံး တဖြည်းဖြည်းချင်း အပေါ်တက် လွင့်မျောလာ၏။

ရေကန်ဘေးနား ဒူးထောက်ထိုင်နေသော မျက်မမြင်မိန်းမပျိုကတော့ အနှီသွေးအရိပ်အား သတိပြုမိတဲ့ပုံပင်၊ သူမကတော့ ခေါင်းကိုသာ အသာငဲ့စောင်းရင်း ရေထဲကအသံအား တခဏတာ နားစွင့်လိုက်ပြီး “ နင်လည်းပဲ ဘာမှမကူညီတတ်တော့ဘူးလား?”

သူမလက်ကို ဆန့်တန်းလိုက်ပြီး ကန်ရေထဲကနေ သွေးအရိပ်အား ဆယ်ယူလိုက်ပြီး သိပ်မကြာသေးခင်ကပဲ သူခွဲထွက်ထားသော ထျန်းမော့ကျောင်းမှ မွေးမြူထားသော မြွေခန္ဓာကိုယ်ပေါ်သို့ ပြန်လည် တင်ပေးလိုက်၏၊ ပြီးတဲ့နောက်တော့ စေးကပ်နေသော အနက်ရောင်မြွေ၏ ခန္ဓာကိုယ်ပေါ်တွင် ၎င်းလည်းနစ်ဝင်သွားသည်၊ သူ ခဏတော့ လည်ပတ်နေပြီး နောက်တော့ မျက်လုံးများ တဖန် ရဲရဲတောက်လာကာ “ငါက ဘယ်လိုအဆင့်အတန်းမို့လို့လဲ? ငါလည်း အတွင်းမိစ္ဆာပဲလေ၊  သူ ဘာဖြစ်လို့ ငါ့ကို ဒီလိုမျိုးနေ့တိုင်း ခြိမ်းခြောက် ဆက်ဆံနေရတာလဲ..နောက်ဆုံး သူ့ခန္ဓာကိုယ်ကနေတောင် ဖြတ်ထုတ်လိုက်သေးတယ်..”

မျက်မမြင်မိန်းကလေးက ပြန်ပြောပြန်သည် “ နင့်ဘာသာ သီးသန့်ဖြစ်သွားတော့ရော အဲ့ဒါမကောင်းလို့လား?”

“ဆိုးတော့ မဆိုးပါဘူး...” သွေးအရိပ် မြွေခန္ဓာကိုယ်ပေါ်၌ တစ်ပတ်လှည့်လိုက်ရင်း “ ဒါပေမယ့်...”

အမှန်တကယ်တော့ သွေးအရိပ်သိမ်းပိုက်လိုသည်မှာ ဤကဲ့သို့သော နုနယ်ကျိုးဆတ်သည့် ထူးဆန်းသော သတ္တဝါ၏ ခန္ဓာကိုယ်မဟုတ်ပါပဲ၊ လီဟွမ်ဟန်၏ ခန္ဓာကိုယ်ကိုသာ။

သူတို့နှစ်ဦးသား စကားလက်ဆုံကျနေစဥ်မှာပဲ ကန်၏အောက်ခြေကနေ သွေးလှိုင်းကြီးတစ်ခု ဗွမ်းခနဲတက်လာပြီး သွေးဥမွှားများ နေရာအနှံ့လွင့်စင်လာကာ သွေးကန်ထဲကနေ အနက်ရောင် ပုံရိပ်တစ်ခု ထိုးထွက်လာ၏။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now