အပိုင်း ၃၆

1.7K 258 32
                                    


Unicode Version

အခန်း ၃၆ ။ ရထားလုံးနှင့် တိုက်မိလိုက်သလိုပင်။

ကျန်းရင်ဟယ် သူဖတ်၍ပြီးစီးသော ကျောက်စိမ်းစာလိပ်အား ပြန်လည်သိမ်းဆည်းလိုက်ပေပြီ။

မိစ္ဆာကျင့်ကြံသူဖြစ်လာရခြင်း အကြောင်းအရင်းများနှင့် အတွင်းမိစ္ဆာဓာတ်များအကြောင်း စုံစုံလင်လင်ပါဝင်သော အချက်အလက်များပါပင်၊ မနည်းမနော နားလည်အောင်သူဖတ်ရှုပြီးသည့်အခါမှာတော့ မရေရာသည့်အဖြေတစ်ခုအား သူကောက်ချက်ချနိုင်လိုက်၏။

အမတကျင့်ကြံရေးလမ်းကြောင်းထံသို့ လီဟွမ်ဟန်တစ်ယောက် ပြန်လည်ရရှိလာစေဖို့ လိုအပ်သည့်အချက်မှာ သူ၏အတွင်းမိစ္ဆာဓာတ်များအားဦးစွာ ကိုင်တွယ်ရန်သာ။

လီဟွမ်ဟန် ကဲ့သို့ဖြောင့်စင်းလှသည့်လူတစ်ယောက်ထံ၌ သူ့အားမိစ္ဆာကျင့်ကြံသူတစ်ယောက်အဖြစ်သို့တိုင် ဆုတ်ယုတ်ပြောင်းလဲသွားစေနိုင်လောက်သည့် ကြီးမားသောစွဲလမ်းမှုများရှိနေလောက်မည်ဟု သူမယုံကြည်နိုင်၊ သူမယုံကြည်ရဲ။

စာအုပ်အသစ်တစ်အုပ်အား ကျန်းရင်ဟယ်ထုတ်ယူလိုက်၍ ရှေးခေတ်အက္ခရာတချို့အား ရေးသားရန် သူတစ်ယောက် ခက်ခက်ခဲခဲကြိုးပမ်းလိုက်ရ၏၊ စာအုပ်၏အဖုံးကိုဖွင့်သော် system ထံမှ တိုးတက်မှုပြဘားတန်း အသစ်များအား သူတွေးမိလေပြီ။

ထိုအနက်ရောင်ခြယ်ဘားတန်းများအား သူ့တစ်ယောက် နိမိတ်မကောင်းဟုခံစားမိနေသည်၊ ဟွမ်ဟန်ရဲ့ အခြေအနေက တကယ်များပြင်းထန်နေလို့လား?

တစ်စုံတစ်ရာ ဆုံးရှုံသွားလိုက်သလိုလို ကျန်းရင်ဟယ် ခံစားလိုက်ရ၏...

ဤညမှာ စီးပွားဖြစ်ထွန်းသော ညတစ်ညဖြစ်သည်၊ တည်းခိုဆောင်၏ပြင်ပ၌ အလုပ်များစွာဖြစ်ထွန်းနေလေသည်၊ မိစ္ဆာများစွာတို့မှာလည်း တစ်ဦးနှင့်တစ်ဦး စကားပြောဆိုနေကြကာ ရယ်ရယ်မောမောပြုံးပြုံးချိုချိုနှင့်၊ စိတ်ကူးနှင့်ပင်မြင်ယောင်ကြည့်နိုင်၏၊ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာအလျှင်က မိစ္ဆာမျိုးနွယ်များ ထွန်းတောက်ခဲ့စဥ်တုန်းကဆိုပါလျှင် ဘယ်လောက်များတောင်မှ သည့်ထက်ပိုမို၍စည်ကားလိုက်မလဲ ဆိုသည်ကိုပင်။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now