အပိုင်း၈

3.3K 604 14
                                    

Unicode Version

အခန်း(၈) ။ ရှစ်စွင်း၏ စိတ်နှလုံးထဲရှိအကောင်းဆုံးပုဂ္ဂိုလ်

ရေခဲလွင်ပြင် ဒေသသည်လှပသောရေခဲလွှာများဖြင့် တံဆိပ်ခပ်နှိပ်ထားသည်။

ခန္ဓာတစ်ခုလုံး ဆွတ်ဆွတ်ဖြူနေသည်သာ မြင်နိုင်သောမြေခွေးမိစ္ဆာတစ်ကောင်သည် လျှို့ဝှက်အက်ကွဲကြောင်းနေရာ၌ သူမ၏နားရွက်တစ်စုံအား လှုပ်ခါလိုက်သည်။ ပတ်ဝန်းကျင်အားသတိအနေအထားဖြင့်စူးစမ်းပြီးနောက် နောက်တွန့်ကာဆုတ်ခွာလေသည်။

သူမ နီးကပ်လာလေလေ အမတအဆင့်ကျင့်ကြံမှုရနံ့ ပို၍ပြင်းထန်လေလေဖြစ်သည်။ သူမသည်မိမိ၏တံတွေးအားမျိုချ၍တဖန်ကြည့်ပြန်သည်။ မျှော်လင့်ထားသည့်အတိုင်းအာတိတ်ဝံပုလွေသည်လေ့ကျင့်ခန်းစခန်းအနီးတွင်ရှိသည်ကိုတွေ့မြင်ခဲ့သည်။

"ဟွန့်၊ သူထွက်သွားရင်တောင် ငါ့ကိုအသိပေးမှာမဟုတ်ဘူး သူ့မှာမိတ်ဆွေတွေမှအများကြီး " မြေခွေးမိစ္ဆာ (1) ငြီးတွားရင်းပုန်းကွယ်လိုက်သည် ။ သူမသည်ဂူအထက်တွင်တိတ်ဆိတ်သောနေရာအား တွေ့ရှိကာတွေးတောဆင်ခြင်ခဲ့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ပိုမိုများပြားသောမိစ္ဆာများဤနေရာအားရောက်ရှိလာကြသည်။လွန်ခဲ့သောရာစုနှစ်အတွင်း သူတို့အားလုံးသည် ကျန်းရင်ဟယ် ၏စိတ်နေသဘောထားအား တဖြည်းဖြည်းနားလည်လာကြပြီးသူ၏ကျင့်ကြံမှုအတွင််း ဖြာထွက်လာသောဝိညာဉ်ရေးရာစွမ်းအင်များ အားငှားရမ်းခြင်းအတွက်စိတ်ထဲအမှု မထားကြောင်းသိရှိလာသည်။ သူခြောက်လှန့်နှင်လွှတ်ခဲ့သည့် မိစ္ဆာလေးမှာလည်း သူနှင့်ပိုနီးစပ်သောနေရာတစ်ခုရရေး အတွက်နှစ်ဦးသားတိုက်ပွဲဝင်နေသည်မှာ မလျော်ကန်သောကြောင့်သာဖြစ်သည်။

ဤအနှစ်တစ်ရာအတွင်း၌အနှီကျင့်ကြံသူအား ကျေးဇူးတင်သည့် လူ့ပုံသဏ္ဍာန်ရရှိခဲ့သည့်မိစ္ဆာအများအပြား သည်မထွက်ခွာမီဂူရှေ့တွင်သူတို့၏တန်ဖိုးအရှိဆုံးလက်ဝတ်တန်ဆာများအား ပြောဆိုခြင်းမရှိပဲ ချန်ရစ်ထွက်ခွာသွားသည်မှာလည်း နှစ်တစ်ရာအတွင်း သေးငယ်သော တောင်တစ်လုံးစာမျှရှိလေသည်။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now