အပိုင်း၂

7.9K 902 39
                                    


Unicode Version

အခန်း(၂)။ ရှစ်စွင်းအတွက် လုပ်ပေးမယ်

ကောင်းကင်တစ်ခွင်အောက် မိုးခြိမ်းသံများမြည်ဟိန်းကာ အတောမသတ်နိုင်သောမိုးများသည် ကျန်းရင်ဟယ် တိတ်ဆိတ်စွာရပ်နေသောချောက်ကမ်းပါးပေါ်၌ သွန်းသွန်းဖြောက်ဖြောက်ရွာသွန်းနေသည်။

သူ့၀န်းကျင်တွင် မုန်တိုင်းထန်သောရာသီဥတုရှိနေသော်လည်း သူ၏ဆီးနှင်းကဲ့သို့ဆွတ်ဆွတ်ဖြူနေသောဝတ်ရုံမှာမူ မည်သည့်အရာမှမစွန်းပေနိုင်၊ အထူးသဖြင့်မိုးတစ်ပေါက်မျှ တောင်မတင်ကျန်ခဲ့။ သူသည် မုန်တိုင်းဓားချောက်ကမ်းပါး(1) ၏ အပေါ်လွှာ၌ ပတ်ပတ်လည်ဝိုင်းရံနေသော တိမ်စိုင်လွှာများအားငေးကြည့်နေမိသည်။

သူ၏တပည့်မှာချောက်ကမ်းပါး အတွင်း၌ရှိနေဆဲ....

ဤကဲ့သို့သောနေရာမျိုးသည် သူ၏အဆင့်လောက်ရှိသော ကျင့်ကြံသူများအတွက်ရည်ရွယ်ခြင်းမဟုတ်ပါ။ အကယ်၍သူသည် ပါရမီရှင် ဖြစ်ခဲ့လျှင်တောင်မှ ဖန်းလိုင်ဂိုဏ်းသို့ဝင်ဝင်ခြင်းပထမ နှစ်နှစ်အတွင်း ဓားချောက်ကမ်းပါးအလွန်နယ်မြေအား ကျော်ဖြတ်ရန်မဖြစ်နိုင်ချေ။

ဤနှစ်နှစ်တာကာလသည် သူ့အတွက်မလွယ်ကူခဲ့ပေ။ လီဟွမ်ဟန်၏ ကိုယ်ရေးအချက်အလက်နှင့် အရည်အချင်းများကို ဖန်းလိုင်ဂိုဏ်းသားများအားလုံးတင်မက ကျင့်ကြံရေးလောကတစ်ခုလုံးကပါ စောင့်ကြည့်အကဲခတ်နေကြသည်။ လီယွဲ့ကျန်းရန်(2) ကိုယ်တိုင်ပင် သည်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းစုံစမ်းလိုသဖြင့်လာခဲ့သေးသည်။ ကျန်းရင်ဟယ် နှင့်တိုက်ရိုက်ဆက်သွယ်ရန် မဝံ့ရဲသဖြင့်သာ သူမ၏မကျေနပ်မှုကို ဂိုဏ်းခေါင်းဆောင် ထံသို့သာတိုက်ရိုက်တင်ပြလိုက်ရသည်။

ကျန်းရင်ဟယ်သာလျှင် သူ့တပည့်၏အံ့အားသင့်ဖွယ်အရည်အချင်းများကို အမှန်တကယ်ဖော်ထုတ်နိုင်ခဲ့သည်။ ခေါ်ဆောင်ပြီးပြီးချင်း ကနဦးနှစ်နှစ်အတွင်း၌ပင် သမိုင်းတွင်ကျန်ရစ်သူအနည်းငယ် သာအောင်မြင်ခဲ့သည့် ချီဖွဲ့စည်းမှုသည် ပြည့်စုံစက်ဝိုင်းအဆင့်(3) တိုင်အောင် ချောချောမွေ့မွေ့ရောက်ရှိခဲ့သည်။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now