အပိုင်း ၆

4.1K 631 27
                                    


Unicode Version

အခန်း(၆): တောက်ပသော အနီရောင်စက်ဝန်း

တောင်ထွဋ်တစ်ခုလုံး ဓားများလက်ချက်ဖြင့် ရှင်းလင်းနေပြီး မူလပထမရှန်းဖုဂူကောင်းကင်(1) မှာလည်းနံရံအပိုင်းအစသာကျန်ရစ်လေသည်။ သူတို့နှစ်ဦး တိုက်ခိုက်နေသောမြေယာတစ်လျှောက် ဥဿုံရှုပ်ပွနေတော့သည်။

သူ၏လက်အောက်၌ နှစ်နှစ်အတွင်းအခြေခံအုတ်မြစ်အားအသာအယာ တည်ဆောက်နိုင်ခဲ့သည့် ဒုတိယတပည့်မှာမူ အရိုးပေါင်းမြောက်မြားစွာကျိုးပဲ့သွားပြီးအခြေခံအုတ်မြစ်အတွင်းရှိ ဝိညာဉ်ရေးရာစွမ်းအင်မှာ ကုန်ခန်းလုနီးပါးဖြစ်ခဲ့သည်။

ကျန်းရင်ဟယ် ချင်းကျွင်းအားမထူလိုက်ရင်း လီဟွမ်ဟန် အားတစ်ချက်ကြည့်လိုက်၏။ ထိုစဥ်လီဟွမ်ဟန်၏ တိုက်ခိုက်ခါနီးဆဲဆဲ ဓားကိုဆွဲထုတ်ထားသည့်လက်မောင်း၏ အရေပြားတစ်လက်မချင်းစီ၌ ပြင်းထန်သောဒဏ်ရာများပေါ်ထွက်လာသည် ကိုတွေ့မြင်လိုက်သည်။ ကောင်းကင်ဘုံမိစ္ဆာခန္ဓာ၏ ထူးခြားသောအငွေ့အသက် ရုတ်တရက်ပေါ်ပေါက်လာသည်။ သူ၏လက်ချောင်းထိပ်ဖျားမှစ၍ သွေးအစွန်းအထင်းရာများပေါ်ထွက်လာပြီးပြန်လည်မွေးဖွားသည့် ဆိုးရွားသည့်ကြယ်(2)ကျဆင်းလာသကဲ့သို့ ဖြစ်လေသည် ။

ကျန်းရင်ဟယ် နှလုံးသားလှုပ်ရှားသွား၏။ ထိုက်ရှု လျှို့ဝှက်နယ်မြေအတွင်းလီဟွမ်ဟန် ထိုးဖောက်၀င်ရောက်ခဲ့စဥ်ကခန္ဓာကိုယ် ပျက်စီးခြင်းမရှိသော်လည်းအမှားတစ်ခုခုရှိပုံရသည်။ ဒီလိုမှမဟုတ်ရင် ချင်းကျွင်း ရဲ့လက်ရှိအခြေအနေနဲ့ လီဟွမ်ဟန်ကို ဒဏ်ရာရအောင်ဘယ်လိုတိုက်ခိုက်နိုင်လိမ့်မတုန်း?...

သူသည် လက်ကိုဆန့်ထုတ်ကာ အရိုးကျိုးနေသောချင်းကျွင်းအားမထူလိုက်သည်။ မူလကအေးခဲနေသော ဟန်ပန်မှာပြေလျော့ သွားပြီးဆက်ပြော၏ " တိုက်ခိုက်နေကြတယ်ပေါ့?"

ချင်းကျွင်း ခပ်တိုးတိုးရေရွတ်၏ "အစ်ကို့ရဲ့အကြံပြုချက်လေ"

ကျန်းရင်ဟယ် လှည့်ထွက်ကာ သူ့အားရပ်ကြည့်နေဆဲ၊ လှုပ်ရှားမှုမရှိ၊ အတွေးအားခန့်မှန်းရခက်ခဲသည့် လီဟွမ်ဟန် ရှေ့သို့လမ်းလျှောက်သွား၏။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now