အပိုင်း ၄၄

1.1K 198 10
                                    

Unicode Version

အပိုင်း ၄၄ ။ ညောင်~

ဆက်သွယ်ရေးကျောက်ပြားကြီး လင်းလက်လာပြီးချင်းချင်း သူကား ကျိုးကျန်းပင်း၏အသံအား အဆောတလျင်ပဲ ကြားလိုက်ရပေပြီ။

"ရှစ်တိ?"

ကျန်းရင်ဟယ် နှာသံခပ်ဖျော့ဖျော့ဖြင့်သာ တုံ့ပြန်မေးလိုက်ပေသည် " ကျန်းမန်ရှစ်ကျုံး...ဖန်းလိုင်ဂိုဏ်းရော ဘယ်လိုအခြေအနေတွေရှိနေလဲ?"

" အားလုံးကို ထိန်းချုပ်နိုင်ပါသေးတယ်...ရှောင်ယွမ်ရှစ်တိတစ်ယောက်ပဲ အခုထိဆက်သွယ်လို့မရသေးဘူး...မင်းရော အဆင်ပြေရဲ့လား? အခုဘယ်မှာလဲ? ငါတို့ ချက်ခြင်းပဲ လာခေါ်လိုက်မယ်လေ.."

ကျိုးကျန်းပင်း၏ ပုံမှန်တည်ငြိမ်သောလေသံမှာ ယခုအခါတော့ဖြင့် စိတ်လောနေမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် ပြည့်လွှမ်းနေသည်၊ ကြည့်ရတော့ဖြင့် သူ့အတွက်နှင့် အလွန့်အလွန် ပူပန်ကြောင့်ကြနေသည့်ဟန်။

ကျန်းရင်ဟယ် အမြန်အမြန်ပင် ယုံကြည်ချက်ရှိရှိနှင့်ပြောလိုက်ရပေပြီ " ကျွန်တော်အခု အန္တရာယ်မရှိပါဘူး..ရှစ်ကျုံး ကျွန်တော့်အတွက်နဲ့ စိတ်ပူနေစရာမလိုဘူး...ဒါပေမယ့် ကျွန်တော်သိချင်တာတစ်ခုကိုတော့ ရှစ်ကျုံး ကျွန်တော့်ကိုရှင်းပြပေးရမယ်"

ကျိုးကျန်းပင်း ချက်ခြင်း တုံ့ပြန်ပါလေ၏ " မေးလေ"

" ကျွန်တော် မြေအောက်နိုင်ငံထဲကိုရောက်တော့ အဲ့ဒီမှာ ခုနှစ်ထွေစိတ်လှုပ်ရှာခြင်းများလက်ဖက်ရည်ကို သောက်လိုက်မိတယ်...ထူးဆန်းတာက ကျွန်တော့်အတွက် သာမန်မဟုတ်တဲ့ တုံ့ပြန်မှုတွေကိုခံစားလာရတယ်" ကျန်းရင်ဟယ် ခေတ္တမျှ ဆိုင်းငံ့လိုက်ပေသည် "  သာမန်လူတွေအားလုံးမှာ ရှိနေတဲ့တစ်စုံတစ်ရာမျိုး ကျွန်တော့်မှာ ပျောက်ဆုံးနေတယ်မလား?"

ကျန်းရင်ဟယ် စကားအားပြည့်ပြည့်၀၀မပြောလိုက်ပေ၊ သို့သော်ငြားလည်း ချင်းကျွင်းရိပ်မိသည်ပင်၊ သူ၏ခေါင်းအား ဆတ်ခနဲလှည့်ပြီးတော့တောင် ကျန်းရင်ဟယ်၏ ညွတ်ကျနေသော မျက်တောင် ကော့ရွှန်းရွှန်းအား ကြည့်လာ၏။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now