အပိုင်း ၁၈

2.6K 437 25
                                    


အခန်း၁၈။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး

ချင်းကျွင်း သူ့အားကျန်းရင်ဟယ် သင်ပြပေးခဲ့သော ရှင်းဒုံဓားကွက်အား တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သည်မှာ ထင်ရှား၏၊ သို့တစေ ဤသို့ကျွမ်းကျင်မှုမှာ သူတစ်ဦး နေ့နေ့ညညလေ့ကျင့်ခြင်းကြောင့်များ တော့မဟုတ်၊ ပါရမီအလျောက်သာ၊ ကျန်းရင်ဟယ်သည်သဘာဝကျစွာပင် သူ့အားလွန်စွာကျေနပ်ဟန်တော့မပြခဲ့၊ ကြပ်ကြပ်မတ်မတ်ဖြင့်ဝေဖန်အကြံပြုသော အသွင်သဏ္ဍန်ပြုလေဟန်ဖြင့်သာ၊ သို့တစေ ဝေဖန်ချက်များအသွယ်သွယ်ပြုလေသော်လည်း စိတ်အစုံတွင်မူ လွန်စွာဂုဏ်ယူလျက်ရှိရတော့သည်။

သူ၏ကျင့်ကြံရေးလောကသို့ ရောက်ရှိလေသည့်စဦးပိုင်းနေ့ရက်တို့မှာ အရာခပ်သိမ်းအသစ်အဆန်းများဖွယ်ဖွယ်ရာရာပကတိပင်၊ သို့ပေတည်း ကြာရှည်သောနှစ်ကာလများအား ဖြတ်ကျော်အပြီးတွင်မူ သူ့၏စိတ်အားလှုပ်ရှားစေလောက်သည့်အရာမှာ မရှိသလောက်ပင်၊ ယခုအချိန်တွင်မှာမှ သူ့အဘို့ သူသင်ကြားပေးခဲ့သောသူထံမှ စိတ်ကျေနပ်ဖွယ်ရာတစ်စုံတစ်ရာအားရှာဖွေကာ တွေ့ရှိလေခြင်းဖြစ်လေသတည်း။

ဂိမ်းတစ်ခုကစားခြင်း အသွင်နှင့်တော့တူပါ၏၊ ထိုသူများပိုမိုတိုးတက်လေလေ သူလည်းပိုမိုအောင်မြင်လေလေဟူ၍သူခံစားမိရသည်မို့။

သို့တစေ ချန်းရဲအားသူနှင့် သင့်တော်ရာဓား ရှာဖွေပေးခြင်းသည်ကား သူ့အားလွန်စွာစိတ်အနှောင့်အယှက်ဖြစ်စေရသည်။

ကျန်းရင်ဟယ် အခြားသောဓားပေါင်းများစွာစာရင်းပြုစုထားသော စာလိပ်တစ်ခုအားကျွမ်းသန္တာလန်ကာရှာဖွေလိုက်သည်၊ ချန်းရဲသည် ငယ်ရွယ်သေးသည်၊ ထို့ကြောင့်ပင် အသက်အရွယ်နှင့်လိုက်ဖက်မယ့် ဓားအလေးချိန်လည်း လိုအပ်ပေလိမ့်မည်လေ၊ လေးလံလွန်းလှသော ဓားရှည်များအတွက်မူ ဆိုဖွယ်ရာမရှိ၊ မဖြစ်မနေသူရွေးချယ်ရမည်ဆိုပါလျင် တစ်ဖက်သွားဓားရှည်ကိုသာ ရွေးမည်သာ။

သူ၏ အငယ်ဆုံးတပည့်အတွက် ဓားတစ်ချောင်းရွေးချယ်ဖို့ရာ စဥ်းစားနေစဥ်အတွင်းမှာပင် သူ၏စံအိမ်အတွင်းရှိ တံခါးဝထံမှ အလင်းရောင်များလှုပ်ယိမ်းသွားလေ၏၊ ကျန်းရင်ဟယ်သည် ပေလွှာအားလိပ်လျှက် သူ၏တပည့်ငယ်လေး၏ပြုံးချိုသော မျက်နှာအား လှမ်းကြည့်လိုက်ပါ၏။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now