အပိုင်း ၂၁

2.2K 364 13
                                    

Unicode Version

အခန်း (၂၁) ။ မြေအောက်ချစ်ဇာတ်လမ်း

ယန်စီရင်စုအား ဝန်းရံဖို့ရာ ရန်ကော်ဝေနှင့် ရင်ကျိုးဂိုဏ်းမှ ဖုန်းလူကျန်းရန် ကျန်းဟန်လျှို တို့အားတာဝန်ပေးလိုက်ချေပြီ၊ ကနဦးနတ်ဘုရားအဆင့်ရှိ ကျန်းရန်နှစ်ဦးသည်ကား ကျန်ဝိညာဥ်အကြွင်းအကျန်များအား သုတ်သင်ရန် လုံလောက်မည်လေ။

ကျန်းရင်ဟယ်သည်ကား ကျန်းမန်ရှစ်ကျုံး ထံ အသံပို့အစီအရင်နှင့် စကားလှမ်းပို့ပြီးသည်နှင့် လန်ရိုဘုရားကျောင်းရှိ ဟွိုက်ကျင်း ဆရာတော်ရှိရာထံသို့ပြန်သွားချေပြီ။

လန်ရိုဘုရားကျောင်းသည်ကား ဗုဒ္ဓဘာသာဝင်များစုဝေးရာ နံပါတ် ၁ အဆင့်ရှိဘုရားကျောင်းတစ်ခုပင်ဖြစ်ပြီး စင်ကြယ်သန့်ရှင်းသော အယူဝါဒများတည်ရှိရာနေရာတစ်ခုပေ။ ကျောင်းထိုင်ဆရာတော်မှာ ချန်ကျင်းဖြစ်ပြီး စင်ကြယ်သောအသွင်အပြင်နှင့် ကျန်းရင်ဟယ်၏အကြီးတန်း ဆရာတော်ဟုပင် သတ်မှတ်နိုင်သေးသည်၊ သူ၏ကျင့်ကြံဆင့်သည်ကား ကျန်းရင်ဟယ်ထက်ပင် ပိုမိုမြင့်မားသည်ဟု ဆိုနိုင်ပါသော်လည်း လက်ရှိတွင်စိတ်ပိုင်းဆိုင်ရာ စမ်းသပ်ချက်များအလယ်ဗဟိုအတွင်း ကျရောက်နေရာ ဘုရားကျောင်းမှလွယ်ကူစွာထွက်ခွာနိုင်ခြင်း မရှိပါချေ။

ဥမင်ဂူအဆင့်ပြီးသည့်နောက်....အတိဒုက္ခသုံးဆင့်နှင့် စိတ်ပိုင်းဆိုင်ရာစမ်းသပ်ချက်ငါးချက်အား ဖြတ်ကျော်ပြီး တစ်ဝက်အဆင့်ရွှေအမတသို့တက်လှမ်းနိုင်လေသည်။ ထိုအဆင့်သို့ရောက်နိုင်သည့်ပုဂ္ဂိုလ်မှာ မတိုင်မီနှစ်တစ်ထောင်ခန့်က ရွှယ်ဟယ်မိစ္ဆာဘုရင်သာ။ အနှီပုဂ္ဂိုလ်၏သြဇာလွှမ်းမိုးမှုကြောင့်ပင် မိစ္ဆာကျင့်ကြံသူများထကြွသောင်းကျန်းလာခြင်းပေ၊ ထို့အပြင် အနှီခေတ်ကာလအတွင်း၌လည်း အနှီခေါင်းဆောင်ဆိုသူအား ဖြောင့်မတ်သောဂိုဏ်များမှ ဆက်သွယ်ရန်နည်းလမ်းပင်မရှိချေ။

သို့တစေ မိစ္ဆာဒိဋ္ဌိများဟူသည် ကံကြမ္မာ၏ဒဏ်ခတ်ချက်များခံရစမြဲသာ၊ ရွှယ်ဟယ်မိစ္ဆာသခင်ကျဆုံးသွားသည့်အခါမှ ဖြောင့်မတ်သောဂိုဏ်များ အသက်ဖြောင့်ဖြောင့်တန်းတန်းရှုနိုင်ခြင်း ရှိရတော့ပါ၏။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now