အပိုင်း၄

4.1K 717 34
                                    


Unicode Version

အခန်း(၄)။ ဆောင်းရာသီ

အနှီ 'ဆာလောင်ခြင်း' ဟူသောအဓိပ္ပါယ်သည် ထိုအသားစိုင်သဏ္ဍန်မှ သူကယ်တင်ခဲ့သော မီးခိုးရောင်ဆံနွယ်ရှိ လူငယ်လေးအဖို့ အစားအသောက်စားသုံး ခြင်းအားရည်ညွှန်းခြင်း မဟုတ်ပေကြောင်းထိုစဥ်အခါက ကျန်းရင်ဟယ် မရိပ်မိခဲ့ချေ။

ချင်းကျွင်း တစ်ယောက်စက္ကူကန့်လန့်ကာ ပိုင်းခြားထားသော အခန်းတစ်ခုအတွင်းလှဲအိပ်နေစဥ်...

ကျန်းရင်ဟယ်သည် ရန်ကော်ဝေနှင့်အတူယှဥ်တွဲထိုင်​နေကာ များစွာသောနှိမ်နင်းရေးအဖွဲ့သားများက ဖန်းလိုင်ဂိုဏ်း၏ အကူအညီကြောင့် နှိမ်နင်းမှုအောင်အောင်မြင်မြင် ပြီးဆုံးသွားသည့်အတွက် ကျေးဇူးတင်နှုတ်ဆက်စကားများလာပြောသည်အား နားထောင်နေလေသည်။

ထိုအတောအတွင်းမှာပင် ကျင်းမော့ပြည်နယ် ယိုးဝမ်တောင်ကြားမှ ဆေးဝိဇ္ဇာကျန်းရန်တစ်ဦးက ချင်းကျွင်း၏အခြေအနေအား ကြည့်ရှုစစ်ဆေးနေလေသည်။

" ဒီလူငယ်ရဲ့ ဝိညာဉ်အရင်းအမြစ်ကတော်တော်လေးထူးခြားတာပဲ အမတတစ်ဦးဖြစ်အောင်လေ့ကျင့်ပေးဖို့ကောင်းကောင်းကြီး သင့်တော်တယ်၊ သူ့တစ်ကိုယ်လုံးဝိညာဥ်အငွေ့အသက်တွေ မရေမတွက်နိုင်အောင် များပြားနေပြီး ဒါတွေအကုန်လုံးကတိုက်စားနေတာ" ဆေးဝိဇ္ဇာသည် မုတ်ဆိတ်သပ်ရင်းသက်ပြင်းချ၏။ "ခင်ဗျားသူ့ကို သေသေချာထိန်းကျောင်းပေးဖို့တော့လိုလိမ့်မယ် မဟုတ်ရင်တော့ဒီလူငယ်လေး ချီသွေဖယ်ပြီး အငြိုးကြီးတစ္ဆေကျင့်ကြံသူဖြစ်လာလိမ့်မယ်။"

အချက်အလက်အားလုံး ကျန်းရင်ဟယ်တွေးမိသည့်အတိုင်းပဲ... သူသည် လျင်မြန်စွာခေါင်းညိတ်ရင်း " ကုသလို့ရောရနိုင်မလား?"

"ဒီဝိညာဥ်အငွေ့အသက်တွေ ငြိမ်သွားအောင်တော့ အားပျော့ဂူအဆင့်နဲ့အထက်ရှိတဲ့လူရဲ့ ဝိညာဥ်သွေးသူ့ကိုတိုက်ပေးရမယ်။ ဒီကလေး သူ့ရဲ့အခြေခံဝိညာဥ်အဆင့်ပြီးမြောက် သွားရင်တော့သူ့ရဲ့အုတ်မြစ်က တည်ငြိမ်သွားပြီး အဲ့ဒီအချိန်ကျရင်တော့ ဒါတွေကောင်းကောင်းထိန်းနိုင်သွားလိမ့်မယ်"

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now