အပိုင်း ၄၂

1.2K 235 28
                                    

Zawgyi Version


အခန်း ၄၂ ။ ရဲတင်းလှသောတောင်းဆိုချက်။

တစ္ဆေကျင့်ကြံသူများ စုဝေးလျှက်ရှိကြသော နေရာများသည်ကား အငြိုးကြီးစွမ်းအားများ ပြင်းထန်နေတတ်၏။

ကျန်းရင်ဟယ် ရှေးဟောင်းသင်္ချိုင်းထဲသို့ ၀င်ပြီးသည့်နောက်တော့ အနှီထူးဆန်းသော တည်းခိုဆောင်မှ ဧည့်ကြိုတစ္ဆေက သူ့အားအုတ်ဂူတစ်ခုသို့ တန်းတန်းမတ်မတ် လိုက်ပါ ပို့ဆောင်ပေးပါလေ၏၊ အတွင်း၌ အလယ်ခေါင်တွင် လွန်စွာကြီးမားခံ့ညားထည်ဝါလှသော ခေါင်းတလားတစ်ခု ရှိနေပေသည်။

ကဲ..ဘယ်လောက်တောင်မှ ကတ်တီးကပ်ဖဲ့နိုင်လိုက်ပါသလဲ..

နောက်ပြီး အနှီတည်းခိုဆောင်၏ ငွေပေးချေမှု နည်းစနစ်ကလည်း အတော့်ကိုထူးဆန်းနေသေးသည်၊ တစ္ဆေကျင့်ကြံသူများဟာလည်း သဘာ၀ကျကျပင် လူသားတို့၏ငွေသားများကို မသုံးစွဲကြသည့်အပြင် ကျင့်ကြံရေးလောကတွင်အသုံးများသော သိဒ္ဓိကျောက်တုံးများအားလည်း လက်မခံကြပေ၊ တည်းခိုခန်းတာ၀န်ခံကလည်း ကျန်းရင်ဟယ်၏မျက်နှာဖုံးအား လိုချင်သည့်ပုံနှယ် ခေတ္တတောင် ငေးစိုက်ကြည့်နေသည်၊ သို့သော် နောက်ကျတော့မှ တုံ့ဆိုင်းစွာဖြင့် သူ၏အင်္ကျီလက်မှ အနီရောင်အထည်စတချို့ကိုသာ ပေးချေဖို့ သူတောင်းဆိုလာတော့သည်။

သို့တိုင် သူ၏အ၀တ်အစားမှာ... အသုံးအဆောင်ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်မို့ ဤကဲ့သို့ အခြားအသုံးအဆောင်များလည်း သူ့ထံ၌ရှိသေးသည်လေ၊ ကျန်းရင်ဟယ်လည်း အံ့အားသင့်နေမိရာမှ သူ၏အင်္ကျီလက် ၀တ်ရုံအထည်အစတချို့အား ထိုတာ၀န်ခံထံ ချက်ချင်းပဲ ဆုတ်ဖြဲပေးလိုက်တော့၏။

ပြီးသည့်နောက်တော့ ပတ်၀န်းကျင်အား‌တစ်ချက်မျှ အကဲခတ်လိုက်ပြီး လူအုပ်များ ရှုပ်ထွေးနေခြင်းကြောင့် အုတ်ဂူအတွင်းသို့သာ သူ၀င်လိုက်ပြီး ခေါင်းတလားအတွင်းသို့ ၀င်ထိုင်လိုက်တော့သည်။

သူ၀င်ထိုင်ပြီးပြီးချင်းပင် ၀မ်ချန်းဓားအား ဆင့်ခေါ်လိုက်၏၊ သို့သော် သူ၏အကြည့်များဟာတော့ဖြင့် ဓားအလှဆင်ကြိုးထံမှတွဲလောင်းကျနေသော အေးမြကျောက်စိမ်းကြေးမုံပြင်ထံ၌သာတန့်လျှက်၊ ခေတ္တအကြာမှာတော့ ထိုဓားအလှဆင်ကြိုးအား သူဆွဲထုတ်လာ၏၊ မူလကတော့ သူသည်ကား ထိုအရာအား သူ၏သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ဝှက်လိုက်ဖို့ပင်၊ သို့ပေတည်း အကယ်၍များ ထိုအရာသည်သာလျှင် သူ့အား နောက်ယောင်ခံလိုက်နိုင်သည့် အစစ်အမှန်ပစ္စည်းဖြစ်သော် ထိုအရာအား သူ့ကိုယ်ရှိ မည်သည့်နေရာမှာပဲ ဖွက်ထား ဖွက်ထား အကြောင်းထူးတော့မည်တော့ မဟုတ်ပါချေ။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now