အပိုင်း၁၀

3.2K 586 36
                                    

Unicode Version

အခန်း၁ဝ ။ တာဝန်သိတတ်သောဂိုဏ်းညီအစ်ကိုများ

ချန်းရဲ သည်ပကတိဖြူစင်လှပါဘိ။ သူ၏မျက်ဝန်းအတွင်းဝယ် လီဟွမ်ဟန်၊ ချင်းကျွင်း တို့နှင့်လွန်စွာကွဲလွဲခြားနားသည့်သာမန်လူသားနှင့်တူသော ဖြူစင်သောချစ်ခြင်းရှိလေ၏။

ကလေးသူငယ်များ သည်ငိုယိုခြင်းနှင့် ကျီစယ်ခြင်းတို့ဖြင့်ပင်ကိုယ်အလျောက် အရေးအရာပေးခြင်းအား ရယူတတ်သည့်သဘောပင်။ ကျန်းရင်ဟယ်သည် ထိုလှပ စိုရွှန်းသောမျက်နက်တစ်စုံအား ကြည့်လိုက်စဥ်အခိုက်အတန့် ဖခင်တစ်ဦး၏ အကြင်နာမေတ္တာတရားများ အစဥ်တစိုက်ယိုဖိတ်စီးလာကျလာလေ၏။ ကျန်းရင်ဟယ်သည် ချန်းရဲ၏လက်အပေါ်မှ ဒဏ်ရာအားစစ်ဆေးကြည့်ရှုကာ ချိုသာသောလေသံနှင့်ဆိုလာသည် " ဒါကအစပဲ! မင်းရဲ့ရှစ်ကျုံးက တကယ်ပဲစည်းကမ်းကြီးပြီးတင်းကြပ်တယ်"

ချန်းရဲ သည်နှာနုရိုးအားပွတ် ကာဆိုလေသည်" လီရှစ်ကျုံး ကကျွန်တော့် ကိုသဘောကျတယ်လို့တော့မထင်ဘူး။"

"ဘယ်လိုဖြစ်နိုင်မှာလဲ?" ကျန်းရင်ဟယ်၏ ရာစုနှစ်တစ်စုစာ အလွှာခြားကာမြင်လာခဲ့သော အမြင်နှင့်ပြောလေသည် "သူကဒီလိုပဲ တစ်ခြားတပည့်တွေကိုလည်းတုံ့ဆိုင်းမှုမရှိပဲသင်ပေးတတ်တာ! မင်းကိုလည်းသင်ပေးလို့ပိုပြီးရင်းနှီးလာမှာပါကွာ"

သူ၏လက်ထိပ်ဖျားသည်အေးမြလာကာ ဒဏ်ရာ၏အစွန်းသတ်နားထက်တွင် ကပ်အပ်လိုက်သည်။ အေးမြသောဝိညာဥ်ရေးရာစွမ်းအင်တစ်ချို့ သည်လက်အတွင်းမှနေ၍ထွက်ပေါ်လာကာ ဒဏ်ရာတစ်ဝိုက်အားအုပ်မိုးလေရာ ထုံကျင်သောခံစားချက်တစ်ချို့ဖြစ်ထွန်းလာပြီး နာကျင်မှုမှာလျော့ရဲသွားလေသည်။

လီဟွမ်ဟန် ၏သွေးဆာနေသည့်မျက်လုံးတစ်စုံအား ပြန်လည်တွေးတောရင်း ချန်းရဲသည် မျက်လုံးအစွန်းဘက်သို့ထောင့်ကပ်ကာကြည့်ပြီး သူ၏မျက်နှာဖုံးအတွင်းရှိ ဖုံးအုပ်ခြင်းခံရသည့်အပိုင်း၏ နှုတ်ခမ်းအစွန်းမှာမဲ့ကာရွဲ့ကာပြုံးလိုက်၏။

စည်းလုံးဖို့? ဒီလိုရူးကြောင်ကြောငနဲနဲ့လေ...တကယ်လို့ငါသာတကယ် သာမန်ညောင်ည အရည်အချင်းရှိတဲ့ဆယ်ကျော်သက်အမှန်ဆိုရင်..ငါ့ရဲ့အရိုးပြာကပဲ လီရှစ်ကျုံးသိမ်မွေ့တဲ့အကြောင်းချီးကျူးနိုင်တော့မယ်ဟ!!...

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now