အပိုင်း ၂၆ - ပ

2.1K 303 16
                                    

Unicode Version

အခန်း (၂၆- ပ) - ကရော်ကမယ်အိမ်မက်။

ဖန်းလိုင်ဂိုဏ်းအတွင်း...

ခန်းမဆောင်အတွင်းဝယ် နံ့သာပေါင်းအိုးမှမီးခိုးတလူလူနှင့် အမွှေးနံများပျံ့လွင့်နေဆဲ၊ ကျိုးကျန်းပင်းသည်ကား ကျန်းရင်ဟယ်ထံမှလက်ပြန်ရုတ်လိုက်ရင်း သက်ပြင်းချကာ စကားဆိုလာသည် " မင်းရဲ့ဒဏ်ရာတွေက ဝိညာဉ်ရေးရာစွမ်းအင်တွေကို လှည့်ပတ်ပြီးအားကုန်သုံးခဲ့လို့ရလာတာတွေချည်းပဲ.....မင်းသူများဆီက ဝိညာဉ်ရေးရာစွမ်းအင်တချို့ရခဲ့ပေမယ့်လည်း....မင်းရဲ့အခြေခံအုတ်မြစ်ကတော့ ကုန်ခမ်းသလောက်ပဲ"

ရန်ကော်ဝေသည် လည်းဘေးမှတဖန်ထပ်မံဖြည့်စွက် ပြောလာပြန်သေးသည် " ငါသူ့ကို ပထမဆုံးတွေ့တုန်းက စစ်ဆေးခဲ့တာလည်း ဒီလိုအဖြေပဲ... ကျန်းရှစ်တိက ငါ့ထက်ကျင့်ကြံဆင့်ပိုမြင့်လေတော့.... ဒဏ်ရာကို ကိုယ့်ဘာသာပဲကုသရတော့မှာပဲ"

ကျန်းရင်ဟယ်သည်လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် သူ၏လက်ကောက်ဝတ်အား တဖန်ပြန်ရုတ်လာသည်၊ သူက ဆက်လက်၍ " ကြည့်ရတာသာမန်ထက် အခြေအနေတော့နည်းနည်း ဆိုးပုံရတယ်"

စကားဝိုင်းအတွင်း တစ်ချိန်လုံးတည်ရှိနေခဲ့သော ယွမ်ပုရှုမှ နှာမှုတ်ကာပြောပါတော့သည် " မဟုတ်သေးဘူးလေ...ဒါအခြေအနေ တော်တော်ဆိုးနေတာလို့ခေါ်တယ်...ချီစီးဆင်းမှုစွမ်းအင်တွေကိုပိတ်ဆို့သွားပြီး အ​ခြေခံအုတ်မြစ်ကုန်ခမ်းသွားတာထက်ဆိုးတာ ဘာရှိသေးလို့လဲ.....ဒီလိုအတွင်းဒဏ်ရာရနေခဲ့မယ်ဆိုရင် ရှစ်ကျုံးရဲ့နောက်တစ်ခေါက် အတိဒုက္ခကို ဘယ်လိုဖြတ်ကျော်နိုင်မှာလဲ"

ကျန်းရင်ဟယ် လ္ဘက်ရည်တစ်ငုံယူငင်သောက်သုံးရင်း "အဆင်ပြေသွားမှာပါ...... နောက်ပြီးငါ့ရဲ့ နောက်တစ်ခေါက် အတိဒုက္ခကို ဘယ်အချိန်မှာကြုံရမလဲဆိုတာ ဘယ်သူသိတာမှတ်လို့"

" ငါတို့မသိနိုင်ဘူးဆိုလေလေ ပိုသတိထားရလေပဲလေ" ယွမ်ပုရှု တုံ့နှင်းလာ၏ " ကျွန်တော်လည်း ရန်ရှစ်ကျဲရဲ့တပည့်တွေပြောတာတဲ့အ​ကြောင်း ကြားလိုက်တယ်.... ရှစ်ကျုံးနဲ့ဒီငနွားတွေ...."

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now