အပိုင်း ၃၂

1.6K 282 53
                                    

Unicode Version

အခန်း ၃၂ ။ ငါလိုးမသား

သူမှားယွင်းကြောင်း ကျန်းရင်ဟယ် အလျင်အမြန်ပင် ရှာတွေ့သွားလေပြီ။

အနှီခွေးမသားမှာ ဧကန်စင်စစ်တော့ သူ့အားလက်ထပ်လိုခြင်းသာ၊ သူနှင့်အတူ လင်ခန်းမယားခန်းဝင်ရန်ပင် အဆင်သင့်။

အမှန်တကယ်အားဖြင့်တော့ ဤကားရယ်ဖွယ်ရာတစ်ရပ်မဟုတ်ခဲ့ပါချေ၊...အရာအားလုံးထက်ပင် ထိုအကြောင်းအရာမှာ ဟာသတစ်ခုဖြစ်သင့်သည်လေ။

ကျန်းရင်ဟယ်သည်ကား မင်္ဂလာဦးခုတင်ထက်၌ထိုင်လျှက်သား၊ အပြင်ဘက်ရှိ နက်မှောင်သောကောင်းကင်အား မျှော်ကြည့်နေမိပြီ၊ သူ၏နံဘေးတွင်တော့ အပြာရောင်မီးအိမ်တစ်လုံး။

တစ္ဆေအရှင်၏ နန်းဆောင်ခန်းမမှာကျယ်ပြူးလေပြီး ထွင်းထုထားသော ဝိညာဥ်နတ်ဘုရားများနှင့် ရွေ့ပြောင်းတစ္ဆေများ၏ သရုပ်ဖော်ပုံများနှင့်ပြည့်နှက်နေလေသည်၊ မပူပြင်းပဲ ထိကြည့်လျှင်အေးမြသော တောမီးဖြင့် မီးအိမ်များထွန်းညှိထားပြီး ပြင်ပ၌ခစားနေသော အစေခံဝိညာဥ်အနည်းငယ်မှအပနန်းဆောင်တစ်ခုလုံး တိတ်ဆိတ်နေမြဲ။

ကျန်းရင်ဟယ် သက်ပြင်းချလိုက်ပြန်သည်၊ ခံစားချက်မှာ သူ့အားကျဥ်းမြောင်းမှောင်မဲသော အခန်းငယ်၌ ချုပ်နှောင်ထားသလိုပင်၊ သံချိန်းကြိုး၊ ဒေါက်တိုင်၊ ကြာပွတ်များမရှိခဲ့သည်မှလွဲ၍၊... သူကဲ့သို့သော စင်ကြယ်ဖြောင့်မတ်သည့် ရှစ်စွင်းတစ်ယောက်၏ အဆုံးသတ်မှာ မည်သို့ဖြစ်သွားရပါသနည်း?!

ကုတင်ထက်ရှိ အကာအရံကန့်လန်ကာစအား သူပင့်တင်လိုက်၏၊ မီးအိမ်၏နံဘေးဝယ်.. စာအုပ်အများအပြားရှိသော စာအုပ်စင်တစ်ခုအားတွေ့လာရသည်၊ ကျပန်းတစ်အုပ်အားသူရွေးချယ်ပြီး ခေါင်းစဥ်အားကြည့်လိုက်ရာ ' မြေအောက်နိုင်ငံတော်၏ တစ္ဆေကျင့်ကြံသူများအကြောင်း' ဟူသောအမည်အား တွေ့လိုက်ရပေသည်။

... ဟမ်?

Wikipedia ကြည့်ရသလိုပင်၊ အမျိုးမျိိုးသော တစ္ဆေအမျိုးအစားအား ကြည့်ရှုရန် ကျန်းရင်ဟယ်တစ်ယောက် စာအုပ်အားစတင်ဖွင့်လှစ်လိုက်ပေပြီ။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now