အပိုင်း ၂၃

2K 320 4
                                    


Unicode Version

အခန်း (၂၃) ။ ကျွန်တော်ရှစ်စွင်းကိုတော့ ကာကွယ်နိုင်ပါသေးတယ်။

ကျန်းရင်ဟယ်သည်ကား ကိစ္စရပ်အားအလုံးစုံသိရှိထားသော ဟွမ်ဟန်အားခေါ်ဆောင်သွားရန်သာ မူလကကြံစည်ထားခြင်းပင်။

သို့သော် ဤကား သူ၏အခြားတပည့်နှစ်ဦး၏ စူးစမ်းလေ့လာမှုအား လျော့တွက်ခြင်းပါပေ။

တည်းခိုဆောင်မှာ အနှီဆောင်ကြာမြိုင်နှင့်လမ်းတဖြတ်သာကွာခြား၍ လုံးကြီးပေါက်လှ နှုတ်ခမ်းနီမမများစွာအား တွေ့မြင်ရချေသည်တမုံ့၊ သို့တစေ ကျန်းရင်ဟယ်ထိုင်နေသော စားပွဲဝိုင်းပတ်ပတ်လည်၌မူ မည်သည့်အမျိုးသမီးမျှလာရောက်ခြင်းမရှိပါချေ။

သူသည်ကာတိတ်တဆိတ်ထိုင်လျှက် အဖန်ရည်တစ်ငုံမျှမြည်းစမ်းရင်း နံဘေးတွင်ထိုင်နေသော ချန်းရဲအားတချက်မျှဝေ့ကြည့်လိုက်၏။

အငယ်ဆုံးသောတပည့်မှာ အားလုံးထဲတွင်မှအထင်ရှားဆုံးအသွင်အပြင်နှင့်မို့၊ မျက်နှာတစ်ခြမ်းသည်ကား မျက်နှာဖုံးတစ်ဝက်နှင့် ဖုံးကွယ်လျှက်၊ ဤကားသူ့အား ဆန်းကြယ်သောအငွေ့အသက်များလွှမ်းခြုံစေသလိုလို၊ မြင်သာသောအပိုင်းမှသည် ဖြူဝင်းစင်ကြယ်ကာ နူးညံ့တောက်ပမှုကျက်သရေအဖြာဖြာသည်ကား နှိုင်းယှဉ်သာ၍မရနိုင်အောင်၊ အနှီမျက်နှာချေများလိမ်းခြယ်ထားသော မိန်းကလေးများနှင့်မူ လားလားမျှမဆိုင်ပါပြီ။

ကျန်းရင်ဟယ်၏အလှအပစံနှုန်းများမှာ သူ့ကြောင့်ပင်အသစ်တဖန်ပြောင်းလဲသွားချေပြီ၊ တဖန်သဘောပေါက်မိလာ၏၊ သူ့အားလက်ဖက်ရည်ငှဲ့ပေးရင်းပြုံးနေသောအနှီတပည့်လေးထံ အဘယ့်ကြောင့်များ ချည်းကပ်လာသူမရှိခြင်းကိုပင်။

ချန်းရဲသည်ကား လွန်စွာမှဆွဲဆောင်မှုရှိသည်ပင်၊ သူတို့နှစ်ဦး၏စားပွဲနှင့်ခပ်လှမ်းလှမ်းတွင်ကား အနှီဆောင်ကြာမြိုင်ရှိအလှဆုံးဟူသော မိန်းကလေးများ တီးတိုးတီးတိုးသဖန်ပိုးစွာနှင့် သူတို့ရှိရာဘက်သို့ တစေ့တစောင်းအကဲခတ်နေလျှက်၊ သို့တစေ ချန်းရဲ၏အနားကိုတော့ မည်သူမျှလာရောက်ကာ အဖော်မပြုရဲပါပေ။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now