အပိုင်း ၂၀

2.5K 398 21
                                    

Unicode Version

အပိုင်း ၂၀ ။ ငါ့ရှေ့ကနေဖယ်စမ်း

ပတ်ပတ်လည်ရှိ မိစ္ဆာအငွေ့အသက်တို့မှာ သူ၏ခန္ဓာအား ထွင်းဖောက်လုလု၊

ချင်းကျွင်း၏ သံမဏိမီးခိုးရောင်မျက်လုံးအစုံတို့သည် အခြားသူများအပေါ်တွင် လွန်စွာမောက်မာတင်းမာလင့်ကစား၊ ကျန်းရင်ဟယ်အားကြည့်သည့်ပုံမှာ လွန်စွာအဖိုးအနဂ္ဂထိုက်တန်သော ရတနာတစ်ပါးအားတွေ့မြင်နေရသည့်နှယ်။

ကျန်းရင်ဟယ်သည်ကား ချင်းကျွင်း၏စိတ်နှလုံးသားနှင့်ဝိညာဥ်အား ကာကွယ်ပေးရန်တစ်ကိုယ်တည်းအလုပ်ရှုပ်လျှက်၊ အထက်ကောင်းကင်ယံမှ အတိဒုက္ခ၏မိုးကြိုးသံမှာလည်း သူ၏နားစည်ထက်တွင် မြည်ဟိန်းလျှက်၊ သူသည်ကြေကွဲစွာဖြင့်တဖန်ဆိုလာပြန်သည် " အကယ်၍ ငါသာစောစောစီးစီးထဲက မင်းကိုယ်ပေါ်က အငြိုးတစ္ဆေတွေကို သေချာဖယ်ရှားပေးနိုင်ခဲ့မယ်ဆို ဒီနေ့ မင်းဒီလိုဒုက္ခတွေကြုံရမှာမဟုတ်ဘူး..."

သူ၏စကားအား တုံ့ဆိုင်းလျှက် ကျွင်းအာ၏လက်အားဆုပ်ကိုင်လိုက်ပါ၏။

အားအင်ပြည့်ဝကာအချိုးကျနလှသော လက်မှသည် ယခုအခါတွင်တော့ စုတ်ဖွာနေသောအရွတ်အချို့နှင့် အရိုးဖြူများသာကျန်နေ၍၊ မှောင်မိုက်နေသောလက်သည် ပကတိသွေးမျာစွန်းထင်းနေပြီး သွေးရနံ့တစ်ချို့သာလျှင် ဝန်းကျင်၌ထင်ဟပ်လျှက်။

ကျန်းရင်ဟယ် စကားလုံးများပျောက်ရှလုနီးနီး...

သူသည်ကား ရုတ်တရက်ဆိုသလို ထိုအရိုးဖြူလက်ချောင်းများအား တို့ထိလိုက်ပါ၏။

ယခုမူ ကောင်းကင်ယံ၌တိမ်လိပ်မည်းများ အပြည့်ဖုံးလွှမ်းသွားလုလုပင်၊ တဖန်နောက်ဝယ် ကြောက်မက်ဖွယ်ရာကောင်းကင်အလင်းတန်းတစ်ဖြာသည် အခိုးအငွေ့များဗဟိုချက်သို့ ထိုးဆင်းသွားချေသည်တမုံ့။

ယေဘုယျအားဖြင့် ကျင့်ကြံသူအပေါင်းတို့သည် အတိဒုက္ခကျရောက်ခြင်းအား အချက်နှစ်ချက်အားဖြင့်ရှောင်ရှားနေကြသည်မို့လား?..

၁၊ အကယ်၍ သူတို့သည်မြင့်မားသောကျင့်ကြံဆင့်၌ ဆင့်ရှိနေပါမူ ၎င်းသည်သူတို့ကိုယ်နှိုက်၏အတိဆင်းရဲခြင်းဒုက္ခအား ဖြစ်ပေါ်စေသည်နှင့်၊

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now