အပိုင်း၇

3.5K 632 43
                                    

Unicode Version

အခန်း(၇) ။ ရှစ်ကျုံး၏ ထူးဆန်းသောတပည့်များ

ဖန်းလိုင်ဂိုဏ်း၏ အဓိကခန်းမဆောင်အတွင်း..

အစိမ်းထည်အလွှာမံ ထားသည့်အဖြူဝတ်အား သပ်ချရင်း ကျိုးကျန်းပင် သူ၏ဘေးမှလူအားစကားလှမ်းပြော၏ " ယွမ်ရှစ်တိစကားလှမ်းပို့တယ် သူဒီနေ့ပြန်လာမယ်တဲ့ မင်းထွက်သွားမဲ့အချိန်လောက်ဖြစ်လိမ့်မယ်.. မင်းစိတ်ပူစရာမလိုပဲဂူအောင်းကျင့်ကြံလို့ရပြီ..."

ကျန်းရင်ဟယ်: " သူဒီနေ့ရောက်ပြီလား"

ကျိုးကျန်းပင်း သူ၏စိတ်ထဲရှိအတွေးများအားသိရှိကာနှစ်သိမ့်လိုက်သည် - -" ရှောင်ယွမ်ရှစ်တိ(1)က အရင်ကမင်းကိုသူ့အချစ်ကို ဝန်ခံခဲ့တာက သူကမိစ္ဆာတစ်ကောင်ရဲ့ကျိန်စာမိလို့ဖြစ်ရတာပါကွာ.. အခုတော့သူလည်း ကနဦးအမတအဆင့်ရောက်နေပြီဆိုတော့ ဒီကျိန်စာရဲ့အကျိုးဆက် ထပ်ရှိတော့မှာ မဟုတ်ဘူး"

နှစ်ပေါင်းရာချီကုန်လွန်ခဲ့လေပြီး.. သို့ပေကြောင့်ကျန်းရင်ဟယ်အဘို့ ဤအဖြစ်အပျက်အားမေ့လျော့လုနီးနီးဖြစ်လေသည်။ ယခုအခါကျန်းမန်ရှစ်ကျုံးကြောင့်သာထိုအရာများ ပြန်လည်အမှတ်ရမိကာ သူ၏ကျောရိုးတစ်လျှောက်ကြက်သီးမွှေးညှင်းများစိမ့်ထသွား၏။ သူပြန်လည်မဖြေကြားမီပင် အလင်းလှိုင်းတစ်ခု သူတို့ထံ​ဦးတည်ရွေ့လျားလာသည်ကို ခံစားမိလိုက်သည်။

ပြီးနောက်တွင်တော့ ထိုသူသည် ကျန်းရင်ဟယ် ၏လက်အားဆောင့်တင်းလိုက်ကာ...

"ရှစ်ကျုံး!.. ကျွန်တော်ဒီမှာ..ကျွန်တော်ဒီမှာ..ကျွန်တော်ပြန်လာပြီ ..ကျွန်တော်ရှစ်ကျုံးကိုပြန်တွေ့ရပြီ..!"

ကျန်းရင်ဟယ် မျက်နှာသေဖြင့် သူ၏ရှစ်တိ၏နောက်ကျောကော်လာမှဆွဲမထူက ပေါ့ပေါ့ပါးပါးမေး၏ " မင်းရဲ့အခြေခံအုတ်မြစ်တည်ငြိမ်သွားပြီလား?"

ယွမ်ပုရှုသည် နက်မှောင်သော မျက်ဝန်း၊အနက်ရောင်ဆံနွယ်၊ ကျန်းရင်ဟယ်နှင့်တူညီသော အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော်ငြား သူ့ထံ၌နှစ်တစ်ထောင် ကျင့်ကြံခြင်း၏ အထီးကျန်အေးစက်မှုအငွေ့အသက်အားမတွေ့ရပါ။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now