အပိုင်း ၃၉

2K 283 28
                                    

Unicode Version

အခန်း ၃၉ ။ ငါ့စကားနားထောင်ပါနော်?

သွေးအိုင်ထဲရှိသွေးဥမွှားများ တဖြေးဖြေးချင်း..ရေမျက်နှာပြင်ပေါ်သို့ဆူပွက်လာချေပြီ။

နန်းဆောင်အတွင်းဝယ် သံချိန်းကြိုးများ၏ ကျယ်လောင်သော တချွင်ချွင်မြည်သံနှင့်အတူ တီးတိုးသော စကားသံများကိုပါ ခပ်သဲ့သဲ့ကြားနေရ၏။

“ …ဒါကမတော်နိုင်ဘူးနော်..လီဟွမ်ဟန်!! !! မင်းစိတ်အေးအေးနဲ့ ခဏတဖြုတ်တောင်နေလို့မရဘူးလား?"

သို့ပေတည်း ယခုချိန်မှာတော့ဖြင့် သူ၏ရှေ့ရှိလူငယ်လေးမှာ ပုံမှန်ဆင်ခြင်ဥာဏ်မျိုးရှိသေးသည့်ဟန်၊ မျက်ခုံး၊ မျက်ဝန်းများကလည်း တည်တည်ငြိမ်ငြိမ်နှင့်၊ နံဘေးရှိ ခဲတောင့်နေသော သွေးအိုင်အတွင်းမှာလည်း ခပ်ပြေပြေလှိုင်းဂယက်များကိုပင် သူတွေ့မြင်နိုင်သေးသည်။

ကျန်းရင်ဟယ် အိပ်ရာထောင့်စွန်းသို့ တိုးကပ်သွား၏၊ သို့သော် လီဟွမ်ဟန် သူ၏ခြေဖနောင့်အားလှမ်းဆွဲလိုက်ရာ သူလဲကျတော့မတတ်။

မှင်နက်ရောင်အဝတ်အစားများနှင့် နှင်းဖြူရောင်အဝတ်အစားများ ရောထွေးသွားရ၏၊ ကျန်းရင်ဟယ်၏အဝတ်အစားနှင့် ခါးပတ်ကြိုးချည်နှောင်ပုံမှာ လီဟွမ်ဟန်နှင့် အတော်လေးရင်းနှီးနေသည်လေ၊ ကျန်းရင်ဟယ်နောက်သို့ ရာစုနှစ် နှစ်စုတိတိကြာအောင် သူလိုက်ခဲ့ခြင်းကြောင့် သူတို့နှစ်ဦး၏အမူအကျင့်များ၊ စရိုက်လက္ခဏာများမှာ တစ်ယောက်အပေါ်တစ်ယောက်လွှမ်းမိုးမတတ်။

ရှည်သွယ်သော လက်ချောင်းများမှာတော့ ကျန်းရင်ဟယ်၏ဝတ်ရုံခါးပတ်ကြိုးအား ဆွဲဖြုတ်လိုက်သည်မို့၊ ကျန်းရင်ဟယ်၏ အပြင်လွှာရုံလေး လျှောခနဲ သက်ဆင်းသွားရသည်။

ယခင်ကဆိုရင်တော့ဖြင့်..သူ၏တပည့်များ၏ရည်ရွယ်ချက်အစစ်အမှန်များအား သူမသိရှိလေပါသောကြောင့် ဤကိစ္စများအား လက်ခံခဲ့သည်ဖြစ်သော်လည်း ယခုမူ...

လီဟွမ်ဟန်၏ လှုပ်ရှားမှုမှာ ကြမ်းတမ်းမနေပါသော်ငြား သူ့အတွက်တော့ လွတ်လမ်းမရှိပေ၊ မတတ်နိုင်.. *ထိုအရာ* အား လီဟွမ်ဟန်အကြိမ်တချို့ပွတ်တိုက်နေသည်ကိုသာ သည်အတိုင်း သူထိုင်ကြည့်နေရ၏၊ မိစ္ဆာအမှတ်အသားအလွှာမှာလည်း တဖြေးဖြေးတောက်ပလို့လာလေသည်။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now