အပိုင်း ၄၈

2.3K 221 12
                                    

Unicode Version


အခန်း ၄၈။ လှုပ်ရှားဟန်တချို့။

ချန်းရဲ လက်ကိုပင့်ကာ သူ၏စိုရွှဲနေသော ဆံသားများအား သုတ်လိုက်၏၊ သူ၏သူငယ်အိမ်များကတော့ ရိုင်းစိုင်းကြမ်းတမ်းသော သားရဲတိရိစ္ဆာန်တစ်ကောင်လို ကျယ်ပြန့်လာခဲ့သည်။

ဒါဟာ သူယခင်တစ်ခါမှ ထုတ်ဖော်မပြသဖူးသော မျက်နှာထားမျိုး။

သူဟာ ကြောင်ကလေးတစ်ကောင်လို ဟန်ဆောင်ထားသော သားရဲမိစ္ဆာ ဖြစ်သည့်အပေါ်မှာ သူ၏ကြောက်လန့်ဖွယ်ရာ ရိုင်းစိုင်းကြမ်းကြုတ်မှုများ၊ အန္တရာယ်အငွေ့အသက်များ အားလုံးတို့ကို သူ၏လှပသောအသွင်အပြင်အောက်ဝယ် အပြည့်အဝပုန်းကွယ်လျက်ရှိရ၏။

“ချင်းကျွင်း” ချန်းရဲ  မျက်ဝန်းများမှေးကျဥ်းကာ ဝင်ဖျက်လာ၏ “ငါ့ဘာသာ ရှစ်စွင်းနဲ့စကားပြောနေတာလည်း မင်းအလုပ်လား? သွားစမ်းပါကွာ...”

ချင်းကျွင်းကလည်းမခေ၊ ထွက်သွားဖို့ နည်းနည်းလေးမှ အစီအစဥ်ရှိပုံမပေါ်ပဲ တစ်ဖက်ရှိချန်းရဲအား ခပ်လှောင်လှောင်ပြုံးကာ ကြည့်လိုက်၏။

“မင်း အမြှီးပေါက်နေပြီ ရှစ်တိ”

ချန်းရဲ၏နောက်၌ ပြန်မရုတ်ရသေးသော အမြှီးတစ်ချောင်း အမှန်တကယ်ရှိနေခဲ့သည်၊ ထိုမျှမကသေး သူ၏နားရွက်များ အစွယ်များကလည်း တဖြည်းဖြည်း တိုးထွက်လာသည်။

ချန်းရဲ သူ့မျက်စိရှေ့ရှိ ချင်းကျွင်းအား နည်းနည်းလေးမှ အဖက်မလုပ်တော့ပဲ ကျန်းရင်ဟယ်ထံသို့သာ အကြည့်လွှဲလိုက်သည်၊ သူ၏အသံကလည်း နူးညံ့ကာ အလွန်တရာ ဖျော့တော့တော့ “ကျွန်တော် ရှောင်ယွမ်ရှစ်ရှုကို ရှာဖို့ ရှစ်စွင်းနဲ့အတူတူ အဖော်လိုက်ခဲ့မယ်....နို့မို့ဆို ဘယ်လိုလုပ် ရှစ်စွင်း ရဲအာအပေါ် ခွင့်လွှတ်ပေးနိုင်ပါ့မလဲ?”

ကျန်းရင်ဟယ်၏ ပုခုံးထက်မှာတော့ လီဟွမ်ဟန်၏ ဝတ်ရုံလွှာအား လွှားခြုံထား၏၊ တစ်ထည်လုံး ကတ္တရားစေးရောင် မည်းနက်နေပြီး အနားစွန်း၌ သွေးနီရောင် ချည်ကွင်းများထိုးနှံထားပုံမှာ သူ၏ ဝိသေသလက္ခဏာအတိုင်း၊ ထိုမှသည် သတ္တုနံ့လို သွေး၏ စိမ်းရွှေရွှေနံ့များ လှိုက်ထွက်နေ၏။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now