အပိုင်း ၁၄

2.9K 453 27
                                    

Unicode Version

အပိုင််း ၁၄ ။ ကျန်းယွမ်ဓားအတု

ဤအခိုက်အတန့် ဝေဝါးသည့်ခြိမ်းခြောက်လိုသော အငွေ့အသက်တချို့အားထန်ကွေ့ယူ ခံစားမိလိုက်၏။ သို့တစေ သူ၏မျက်တစ်ခက်အတွင်း အရှေ့ရှိ အနှီချောမောလွန်းသော လိမ္မာယဥ်ကျေးသည့်လူငယ်လေးမှာ ပုံမှန်အတိုင်းနေမြဲနေဆဲ၊

ထန်ကွေ့ယူ အံ့အားသင့်ကာသွားရ၏၊ သူ၏မျက်လုံးများကပင် အမြင်မှားလေသည်လား?

သူနှင့်ကျန်းရင်ဟယ်တို့နှစ်ဦးသား မလှမ်းမဝေးရှိ ဓားညီလာခံသို့ဦးတည်ကာ နေရာယူလိုက်ကြသည်။ ကျန်းရင်ဟယ် ၏အနီးအနားတွင် သူ၏တပည့်များသာရှိပြီး ထန်ကွေ့ယူမှာမူ ချောမောခန့်ညားသော လူငယ်လေးများအနားတွင် နေရာယူလျက်၊

သို့ရာတွင် ရုပ်ရည်အသွင်အပြင်ပေါ်အခြေခံပါမူ ဤကျင့်ကြံရေးမီးဖိုလူငယ်များ (1) ဆယ်ယောက်ပင် မကရှိနေစေကာမူ ချန်းရဲသည်သာ အပြတ်အသက်အနိုင်ရရှိနိုင်ပေလိမ့်မည်၊ ကျန်းရင်ဟယ်ကဲ့သို့ လောကီရေးရာအဆက်အသွယ်မရှိသူတစ်ဦးပင်လျင် ကောင်းကင်ဘုံ ကများချန်းရဲ၏အသွင်သဏ္ဍာန်အား မနာလိုအဘိဇ္စျာပွားကာရုပ်ရည်အား ဖျက်ဆီးလိုက်လေသလားဟု တွေးမိရလေသည်အထိ၊

ဤအတောအတွင်း သူ၏ပျက်ယွင်းနေသော
မျက်နှာတစ်ဝက်အား အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားကာ အကာအကွယ်စည်းတံဆိပ်မှာလည်း နဖူးအထက်နေရာယူလျက်၊ သူ၏ကြည်စင်တောက်ပသော မျက်ဝန်း၊ ပတ္တမြားသွေးခြယ် စိုရွှန်းသောနှုတ်ခမ်းပါးတို့အား ပိုမို ထင်ဟပ်စေတော့သည်၊ သူသည် ထိုင်နေသောကျန်းရင်ဟယ်ဘက်သို့ချစ်ခင်စွာ မှီယိုင်လို့နေလေသည်။

"ရှစ်စွင်း" သူသည် သေးငယ်သောအသံဖြင့်ဆိုလာပါသည် "ကျွန်တော်တို့ဒီကိုမထွက်လာခင်တုန်းက ကျွန်တော်ရှစ်စွင်း အခန်းထဲမှာဆွဲထားတဲ့ နဂါးပုလဲလုံးလေး ယူလိုက်မိတယ် "

ကျန်းရင်ဟယ် မျက်မှောင်ကြုတ်လျက်ပေါ့ပေါ့တန်တန်ပြန် မေးလိုက်၏ "နဂါးပုလဲကို မင်းဘာအတွက်လိုတာတုန်း?"

ထိုစဥ်က...ချန်းရဲသည် သူ၏နေအိမ်ရှိ ညလင်းပုလဲအား တောက်ပလွန်းသည်ဟုဆိုခဲ့သည်၊ သိုဖြင့်ရာ ကျန်းရင်ဟယ်သည် အနှီရတနာနဂါးပုလဲအား မီးအိမ်ဖြင့် အသုံးမပြုလိုတော့၊ သေတ္တာထဲ၌ သိမ်းထားလိုက်ရာ လျှို့ဝှက်စွာ မပြုလုပ်ခဲ့ လေသောကြောင့် ချန်းရဲသည် ဤသို့နှယ် မည်သည့်နေရာတွင်ရှိသည်ကို သိရှိရခြင်းဖြစ်သည်။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now