အပိုင်း ၂၅

1.9K 328 31
                                    

Unicode Version

အခန်း (၂၅) ။ အကြီးအကျယ်ဂယက်ထမှု။

ဤကဲ့သို့သောခံစားမိသည်မှာ ကျန်းရင်ဟယ်အတွက်တော့ ပထမဆုံးသာ။

ကမ္ဘာမြေတွင် နေထိုင်စဥ်အကြောင်းစဥ်းစားကြည့်ပါအုံးစို့...သူသည်ကား လူ့အဖွဲ့အစည်းနှင့် အနည်းငယ်ဝေးကွာသော အမျိုးအစားပင်မို့၊ မိတ်ဆွေအနည်းငယ်သာရှိပြီး ဂိမ်းကစားခြင်းနှင့် စာဖတ်ခြင်းကိုသာထက်သန်သော အမျိုးအစားပင် မဟုတ်ပါလား။

ဤမျှလောက်ပူလောင်ခြင်းအား သူသည်ကားတစ်ကြိမ်တစ်ခါမျှ ခံစားဖူးခြင်းမရှိခဲ့ပါချေ။

သူ၏ခန္ဓာတစ်ခုလျှောက်လုံး ပူလောင်နေဘိသကဲ့သို့ ဦးနှောက်ပါမကျန် ကျိုက်ကျိုက်ဆူနေခြင်းမျိုး၊ သူ၏လက်တစ်စုံမှာ ဓားကိုသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလေခြင်း၊ ဤအရာသာလျှင် သူခံစားမိသလောက် အအေးမြဆုံးပေမို့လား၊ သူအသက်ရှုသွင်းလိုက်သော လေတောင်မှ ပူနွေးလို့နေပြီ။

သူသည်ကားငယ်ရွယ်စဥ်ကတည်းကအမှီအခိုကင်းခဲ့သောသူတစ်ယောက်သာ မဟုတ်ပါလျှင်ယခုအခါသူသည် ခံစားရသော ဝေဒနာများကြောင့်ငိုကြွေးနေလိမ့်မည်ပင်။

ဆက်လက်တောင့်ခံနေပါသော်ငြား အဆိုပါဆိုးရွားလှပေသောညစ်ညမ်းသည့်အနံ့မှာ သူသည်ပင်အချိန်မရွေးအရှုံးပေးလာတော့မည့်အလား ခြိမ်းခြောက်လေခြင်း၊ သွေးနှင့်အတူ သင်းသင်းပြပြမွှေးရနံ့တို့မှာ အတူတကွဆက်စပ်ယှက်နွယ်လျှက် အနှီကျောချမ်းဖွယ်ရာ အတုမရှိမြူးကြွလှသော ရနံ့အဟုန်အားအားပေးနေသည့်အလား။

ခုနှစ်ရက်ရွှင်လန်းမှုသည်ကား ဟေးဟွမ်ဂိုဏ်း၏အမြင့်မားဆုံးအဆင့်တစ်ခုတည်း၊ သူကဲ့သို့သော ကျင့်ကြံဆင့်နယ်ပယ်သမားများအတွက် အသုံးပြုပါသော မိစ္ဆာနည်းစနစ်ဖြင့်ပေါင်းစပ်ထားသော အရာပေမို့၊ ကျန်းရင်ဟယ်ကဲ့သို့သော တည်ကြည်သူတစ်ဦးပင်လျှင် ခုခံတွန်းလှန်ရန်ခဲယဥ်းလေစွ။

ရှုပ်ထွေးပွေလီလှပါသော သူ၏အသိတချို့ပင် ပြင်ပသို့ကဆုန်ဆိုင်းကာ ခုန်ထွက်ချေပြီ၊ သူ၏လက်ဖျံ၌ ထိတွေ့နေသည့် ဓားအလှဆင်ကြိုးသည်ပင်ငှက်မွှေးတောင်များပါလား၊ သူ၏အရေပြားအား လွန်လွန်ကဲကဲ ယားယံစေလာသည်မို့။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now