အပိုင်း ၂၄

1.7K 320 3
                                    

Unicode Version

အခန်း (၂၄) ။ ခုနှစ်ရက်ရွှင်လန်းခြင်း။

သူ၏လက်တစ်စုံမှာပြင်းထန်စွာတုန်ခါသွားလေသည်မှာ သတိပေးခြင်းပမာ။

ယခုလက်ရှိသူ၏ရှေ့မှောက်ရှိ ဥမင်ဂူအဆင့်ကျင့်ကြံသူမှာ တစ်ချိန်ကသူပင်လျင် သင်ကြားပြသပေးခဲ့သောအငယ်တန်းတစ်ဦးပင်၊ ပင်ကိုယ်အရည်အသွေးမှာပြောင်းလဲမှုမရှိလျင်သော်မှ ယခုအခါမိစ္ဆာလမ်းစဥ်များနှင့်ယိုးယွင်းနေချေပြီ၊ ပြုပြင်၍မရနိုင်၊ သို့ပါ၍ သေခြင်းတရားသည်သာလျှင်သူ့အား စောင့်ဆိုင်းနေပေပြီ။

ကျန်းရင်ဟယ် ၏လက်အတွင်း၌ပင်အနှီဝမ်ချန်းဓားမှာ အန္တရာယ်အသွင် အလင်းတဖြာ ပေါ်ထွက်လာလေ၏။

သို့တစေအခြားသူ၏မျက်လုံးထဲတွင်တော့....ပို၍စွဲမက်ဖွယ်ရှိလှသည်မှာ ဝိညာဥ်ရေးရာလက်နက်တော့မဟုတ်တန်၊ အနှီလက်နက်ထက်ပို၍ အေးခဲကာစင်ကြယ်လှပါသော မျက်နှာထက်မှအမူအရာသို့သာ။

သူသည်ကား အစဥ်အမြဲတူညီလှပေစွ။

ထိတွေ့ခွင့်ပင်မရနိုင်ခဲ့ပါသော၊ ပထမဦးဆုံးအနေဖြင့် အရူးအမူးစွဲလမ်းခဲ့ရပါသော။

ရှောင်ရွှမ်ယွီ သည်ကား တံတွေးမြိုချရင်း မှောင်မိုက်စွာပြုံးလျှက်ဆိုပါတော့သည် " ကောင်းပြီ...မင်းငါ့ကိုဘယ်လောက်လွမ်းနေခဲ့သလဲ..ကြည့်ရအောင်လေ"

စကာဆုံးသည်နှင့် သေစေလောက်သည့်ဓားအလင်းတဖြာသည်ကား သူ့ထံသို့ဦးတည်ကာ ယွန်းလာ၏။

ကျန်းရင်ဟယ်သည်ကားနှင်းဖြူရောင်ဝတ်စုံအားဝတ်ဆင်လျှက် အနားသတ်များသည်ကား လေထဲတလူလူလွင့်မြောနေပါ၍၊ ဓားစွမ်းအင်အားတစ်ဖက်သားထံအချက်ပေါင်းများစွာ ထုတ်လွှတ်လာသည်မှာ ပုန်းကွယ်လောက်ရန်နေရာပင်မရှိလေသည်အထိ။

တူညီသောအဆင့်ပင်ရှိလင့်ကစား...မိစ္ဆာကျင့်ကြံသူများမှာ မီးစွမ်းအင်ထိုးစစ်ဆင်မှုအား ပိုမိုအားကောင်းကျွမ်းကျင်ကြသည်ပင်၊ နှစ်ဦးသားအကြားပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြခြင်းပေ၊ ကျန်းရင်ဟယ်သည်လည်း သေစေနိုင်လောက်သော ဓားချက်မျိုးကိုသာရွေးချယ်လျှက်။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now