Chapter Five: ငါ့ဘဝရဲ့ အလင်းရောင်
အလင်းရောင် အလင်းရောင် ကို ထွန်းညှိပေးပါ~လူ့အသိုင်းအဝိုင်းထဲ မဝင်မှီအချိန်တွင် ကျီရှောင်ယွီသည် အခြေခံအားဖြင့် ပုံမှန်ရစ်ငှက်တစ်ကောင်က သူ၏ဗိုက်ကို ဖြည့်တင်းသကဲ့သို့ သစ်သီးရိုင်း၊ သစ်ကြမ်းပိုးများ နှင့် အခြားအရာများကိုသာ စားသုံးခဲ့သည်။၎င်းမှာ တိတ်ဆိတ်ပြီးမည်သည့်အရာကိုမှ မသိခဲ့သော ဘဝတစ်ခုပင်။ မြို့ထဲသို့ ဝင်ရောက်ပြီး လူသားများပြုလုပ်သော အမျိုးအစားမတူညီသည့်အစားအသောက်များစွာကို မြည်းစမ်းကြည့်ပြီးနောက် "စားသောက်ခြင်း" သည်အလွန်လေးနက်ပြီး မရေမတွက်နိုင်အောင် အချိန်ကြာစောင့်ဆိုင်းရသည့် သဘောတရား တစ်ခုဖြစ်ကြောင်း သူ သဘောပေါက် လာသည်။
လူကြီးမင်းလီမှာ အနည်းငယ် ကပ်စေးကုတ် သော်လည်း သူ၏ ဟင်းချက်လက်ရာမှာ အမှန်တကယ်ပင်ကောင်းမွန်လှ၏။ "ပုံမှန်" အိမ်ချက်ဟင်းလျာများမှာ ပုံမှန်လေးပင် မဟုတ်ပေ။ ဤအကြောင်းပြချက် တစ်ခုတည်းနှင့်ပင် ကျီရှောင်ယွီမှာ ဤနေရာတွင် အချိန်တစ်ခုထိ အလုပ်လုပ်ရန် လိုလိုလားလားပင်။ နောက်ထပ် အကြောင်းပြချက်တစ်ခုမှာ စားသောက်ဆိုင်လေး၏ ပတ်ဝန်းကျင်သည် ရိုးရှင်းပြီး ဝန်ထမ်းများကလည်း ရိုးသားကြသောကြောင့် ဖြစ်သည်။ စားသောက်ဆိုင်လေးမှာ ရှင်းချန်ရှိ ဟော်တယ်လောက်လည်း တောက်တောက်ပြောင်ပြောင်မရှိသည့်အတွက် မျက်နှာဖုံးအောက်မှ မကောင်းသည့် ကိစ္စများ မရှိနိုင်လောက်ပေ။
လီတဲ့ဖာ အနည်းငယ် ဝမ်းနည်းသွား၏။အကြောင်းမှာ ဤကောင်လေးသည် အလွန်ပိန်ပါးသည့်ပုံပေါက်သော်လည်း အလွန်ကြီးမားသည့် ထမင်းဇလုံကြီးတစ်ဇလုံကို စားနိုင်သည်။ သူစားနိုင်သည့် ထမင်းပမာဏမှာ ချန်းဇီ၏ ထမင်းပမာဏနှင့်ပင် အလွယ်တကူ ယှဉ်နိုင်သည်။ အစပိုင်းတွင် လီတဲ့ဖာသည် အစားအသောက်အပေါ်ပိုက်ဆံအနည်းငယ် ချွေတာရန် မျှော်လင့်ထားသော်လည်း ဤသည်မှာ မဖြစ်နိုင်လောက်တော့ပေ။
လူကြီးမင်းလီ အလုပ်ဆင်းသွားပြီးနောက် ကျီရှောင်ယွီလည်း စားသောက်ဆိုင်၏ ဒုတိယထပ်သို့ တက်လာခဲ့သည်။ထိုနေရာတွင် အမိုးအောက် ထပ်ခိုးလေးတစ်ခုရှိပြီးရေပန်းတစ်ခုနှင့် ရေချိုးခန်းငယ်တစ်ခုလည်းရှိသည်။၎င်းမှာဝန်ထမ်းအိပ်ဆောင်တစ်ခုနှင့် တူညီ၍ ချန်းဇီနေသည့် နေရာဖြစ်ပြီး ဆိုင်ကိုစောင့်ကြည့်ရန်အတွက်လည်းအဆင်ပြေသည်။ကျန်းချောင်ရန် သည် သူမ၏ကောင်လေးနှင့်အတူ အိမ်တစ်အိမ်၌ ငှားရမ်းနေထိုင်သဖြင့်နေရာထိုင်ခင်း ပေးရန် စားသောက်ဆိုင်အတွက် မလိုအပ်ပေ။
YOU ARE READING
President , Our Egg Is Lost (Myanmar Translation)
SpiritualJoke title:ငါ့ရဲ့ပါတနာက ဥဥခဲ့ပြီးနောက် သူ့ရဲ့ဥ ပျောက်ဆုံးသွားတယ် Onlineပေါ်မေးမြန်းခြင်း- ဒါကဘယ်လိုဖြစ်နိုင်မှာလဲ....ဒါကအရေးပေါ်ကိစ္စပဲ Arthur-Yu An Qing Year-2018 English translator-tailor MM translators- Xiaopea Or...