Chapter 39(Unicode)

1.1K 233 8
                                    

Chapter Thirty-Nine: ဘယ်သူ့ကို 'ကလေး' လို့ခေါ်နေတာလဲ?

စားပွဲကိုအပြောင်ရှင်းလိုက်ပြီးနောက် ကျီရှောင်ယွီက မော့ကြည့်လိုက်ကာ ချန်းယွီထန်၏ နှုတ်ခမ်းထက်တွင် အလိုလိုက်သည့် အပြုံးသေးသေးလေးကို တွေ့လိုက်ရသည်။သူ့နှလုံးသားလေးက ရုတ်တရက် နောင်တတို့နှင့်ပြည့်နှကိသွားကာ ၊ ငါထပ်ပြီး အရူးလုပ်ခံလိုက်ရတာလား?  အိုင်းးး ငါဘာလို့ ငါ့ပါးစပ်ကို မပိတ်ထားနိုင်တာတုန်း!

သကြားလောင်းထားတဲ့ အခွံတွေက တောင့်ခံဖိို့အခက်ဆုံးပဲလို့ လူတွေပြောကြတာ အံ့သြစရာတော့ မရှိပါဘူး။ ဒီယောကျာ်းက ခေါင်းအစခြေအဆုံး ဉာဏ်နီဉာဏ်နက်များလွန်းတယ်။ ဒါကြောင့် သူရဲ့ လှည့်ကွက်တွေအကုန်ထုတ်လာရင် သူ့ကိုတိုက်ခိုက်ဖို့က ပိုတောင်ခက်ခဲသွားပြီ။

မနက်စာစားပြီးနောက် ဥက္ကဌချန်းက သူ့သက်တော်စောင့်လေးနှင့်အတူ ကားဂိုထောင်ကို ပျော်ပျောိရွှငိရွှင်ချီတက်သွားတော့သည်။

ဖွင့်သည့် ခလုတ်ကိုနှိပ်ပြီးေနာက် ချန်းယွီထန်က အကျင့်အတိုင်း ကျီရှောငိယွီကို ခရီးသည်တင်ခုံဖကိသို့လိုက်ပို့ေပးလိုက်ကာ သူကိုယ်တိုင်ကတော့ ယာဉ်မောင်းခုံတွင် နေရာယူလိုက်သည်။
ကျီရှောငိယွီတစ်ယောက် မကျေမနပ်ပြော၏။ "ခင်ဗျား ကျွန်တော့်ကားမောင်းစွမ်းရည်ကို မယုံရင်လည်း ဘာလို့ ကျွန်တော့်ကို ခင်ဗျားရဲ့ဒရိုက်ဘာနဲ့ သက်တော်စောင့်အဖြစ်လိုချင်နေတာလဲ? ကျွန်တော့်ထက် အရည်အချင်းပိုပြည့်ဝတဲ့ တစ်ယောက်ယောက်ကိုခင်ဗျားရှာလိုက်တာကို ကျွန်တော်မြင်ချင်မိပါရဲ့ sir"

သူ ကားမောင်းလိုင်စင်ရသည်က အတော်လေးကြာသွားပြီဖြစ်သော်လည်း သူက ချန်းယွီထန်ကို ဘယ်တုန်းကမှ မမောင်းပေးခဲ့ရပေ။ ဒီနေ့က ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်ပင်။

"ဆောရီး ကိုယ်ခဏမေ့သွားတယ်" ချန်းယွီထန်က ခေါင်းမာမနေပေ။ ခရီးသည်တင်ခုံတွင် နာခံစွာ ကိုယ်တိုင်သွားထိုင်လိုက်သည်။ "ကိုယ်က ဘယ်လိုလုပ်ပြီး ပိုကောင်းတဲ့လူတစ်ယောက်ကို ရှာနိုင်မှာလဲ? ဘယ်သူကများ သူတို့ရဲ့စွမ်းရည်တွေနဲ့ ကိုယ့်ကို စိတ်သက်သာရာရစေပါ့မလဲဆိုတာ ကိုယ်မသေချာဘူး"

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now