Chapter 21( Unicode)

1.6K 373 14
                                    

Chapter Twenty One: ငါက ယောကျာ်းတွေကို ပိုသဘောကျတယ်

ချန်းယွီတစ်ယောက် သူ၏နှလုံးသားထဲတွင် ထိတ်ခနဲခံစားလိုက်ရပြီး ကျီရှောင်ယွီ၏အခြေအနေကိုစစ်ဆေးရန်သူ(ချန်းယွီထန်)၏ထိုင်ခုံခါးပတ်ကိုလျှင်မြန်စွာဖြုတ်လိုက်သည်။ "မင်းဘယ်လိုနေလဲ? "
ကျီရှောင်ယွီသူ၏နဖူးကိုကာလိုက်ပြီး သွားဖြဲပြလိုက်၏။ "တော်တော်နာတယ်"

ချန်းယွီထန်သည် ကျီရှောင်ယွီ၏ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး သူ့ဖက်သို့လှည့်စေလိုက်သည်။ သူ ကျီရှောင်ယွီ၏လက်အောက်ကိုကြည့်လိုက်ပြီး သူ၏ကြည်လင်ဖြူဖွေးသည့်နဖူးပြင်လေးမှာ အလယ်တွင်နီ၍ အနည်းငယ်ယောင်နေသည်ကိုတွေ့လိုက်ရသည်။ သူ စိုးရိမ်စွာမပြောပဲမနေနိုင်တော့ချေ။ "နာတာအပြင် တခြားသက်တောင့်သက်သာမရှိတဲ့ခံစားချက်မျိုးရှိသေးလား? ခေါင်းမူးလား?"

အကယ်၍သူသာ အကျိုးသက်ရောက်မှုကနေ ခေါင်းမှာဒဏ်ရာပြင်းပြင်းရသွားရင် ဒုက္ခရောက်ကုန်လိမ့်မည်။

လူနှစ်ဦးကြားထဲရှိ အကွာအဝေးမှာ တစ်ဖန်နီးကပ်လာပြန်သည်။ ချန်းယွီထန်၏လှုပ်ရှားမှုများမှာ မဖော်ပြနိုင်လောက်အောင်ရင်းနှီးကျွမ်းဝင်သည့်သဘောထားစွက်နေ၏။ကျီရှောင်ယွီတစ်ယောက် အနည်းငယ်ထိတ်လန့်သွားပြီး ကသိကအောက်နိုင်သလို ခံစားရပြီး ခေါင်းကိုက်ခြင်းကိုေတာင် ထပ်မံ မခံစားရတော့ေပ။

ကျီရှောင်ယွီသည် သူ၏တင်ပါးလေးကို ချန်းယွီထန်နှင့်အနည်းငယ်ဝေးရာနောက်သို့ မသက်မသာရွေ့လိုက်ပြီး သာမန်ကာလျှံကာပင်ပြောလိုက်သည်။ "ကိစ္စရှိပုံတော့မပေါ်ပါဘူး။ အဆင်ပြေပါတယ်ဗျ ကျွန်တော့်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကလည်း ကောင်းပါတယ်။ များသောအားဖြင့် ကျွန်တော်ခေါင်းကိုတိုက်မိရင် မြန်မြန်သက်သာသွားတာပါပဲ"

ချန်းယွီထန်၏နှလုံးသားလေးမှာ အနည်းငယ်သက်သာရာရသွားပြီဖြစ်သော်လည်း ကျီရှောင်ယွီ၏စိမ်းကားသည့် ပြုမူပုံမှာ သူ့အားထပ်မံ၍မပျော်မရွှင်ဖြစ်စေသည်။ ဒီဟာလေးက သူ့ကိုယ်သူကာကွယ်နေတာလား?  သူ အခုအချိန်မှာ ဘာမှလည်း မလုပ်ချင်ပါဘူး။ သူဒဏ်ရာရသွားသလား မရသလားဆိုတာကို စိတ်ပူရုံလေးပါ။ ဒါဆို သူကဘာကို ကြောက်လန့်နေတာတုန်း?

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now