Chapter 17(Unicode)

1.5K 381 10
                                    

Chapter Seventeen: ဥက္ကဋ္ဌကို သွားလာခွင့်ပြုပြီး ငါတို့ကို လာခွင့်ပြုပါ!

ထို့နောက် ကျီရှောင်ယွီ မြေအောက်ကားပါကင်သို့ ဓာတ်လှေကားဖြင့် ဆင်းသွား၏။

ဟုန်ရှန်း၏မြေအောက်ကားပါကင်ကွက်လပ်သည် အရွယ်အစားအားဖြင့် မသေးငယ်ပေ။ အဆောက်အအုံ၏ဝန်ထမ်းများအတွက် စုစုပေါင်းသီးသန့်ကားပါကင်ထိုးသည့် နေရာလွတ်ငါးရာရှိသည်။ ကျီရှောင်ယွီအောက်သို့ရောက်သည့်အခါ နေရာလွတ်အကျယ်ကြီးတွင် မည်သူ့ကိုမျှမတွေ့နိုင်ဘဲ ဧရိယာတစ်ခုလုံး ကားအမျိုးအစားများစွာဖြင့်သာ ပြည့်နှက်နေ၏။

သူ အနည်းငယ်ဝမ်းမနည်းဘဲ မနေနိုင်တော့ချေ။ ဟုန်ရှန်းသည် တကယ်ပင် ဝင့်ကြွားလှသည်။ ဝန်ထမ်းအများစုသည် ကားစီးရန်တတ်နိုင်ကြသော်လည်းအကယ်၍သူသာ ပိုက်ဆံလုံလုံလောက်လောက်ရနိုင်ပြီး သူတို့ထဲကတစ်ဦးဖြစ်လာမလား သူမသိပေ။

ကျီရှောင်ယွီသည် မည်သည့်အမျိုးအစားသို့မဟုတ်ပုံစံများကို မသိသော်ငြား ယောကျာ်းတစ်ယောက်အနေဖြင့် သူထံ၌ မွေးရာပါလိုအင်ဆန္ဒတစ်ခုရှိပြီး
ရွေ့လျားခြင်းနှင့် စွဲလမ်းမှုကို ကိုယ်စားပြုသည့် သတ္တုအတုံးကြီးများကို သဘောကျသည်။ လမ်းလျှောက်နေစဉ်တွင် သူသည်ပတ်ပတ်လည်ကိုကြည့်ပြီး ကောင်းမွန်သော သို့မဟုတ် သားနားသော ယာဉ်များ၏ မြင်ကွင်းကို မြင်သည့်အခါတိုင်း ရပ်ကြည့်သည်။

တပ်မက်ဖွယ်ကောင်းသော ပုံစံနှင့် နက်ပြောင်နေသော ကားတစ်စီးသည် ထူးထူးခြားခြား ပမာဏမြင့်မားပုံပေါ်ပြီးကျီရှောင်ယွီတစ်ယောက် ထိုကားကိုကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများတောက်ပသွားပြီး အနားသို့သွားကာကားအရှေ့ရှိပျံနေသော သိန်းငှက်logoကို မထိချင်မိပဲ မနေနိုင်တော့ချေ။(Bentleyကား) သိပ်မဝေးကွာသည့်နေရာမှတစ်စုံတစ်ယောက်သည် ရုတ်တရက်အော်လာ၏။

"ဟေး မင်းဘာလုပ်နေတာလဲ? အဲ့ကားကိုမထိနဲ့!"

တိတ်ဆိတ်ပြီး ကားများထားရှိသည့် ကားပါကင် ဟင်းလင်းပြင်ထဲတွင် အသံသည် ဟိန်းသံတစ်သံကဲ့သို့ ပဲ့တင်ထပ်နေပြီး ကျီရှောင်ယွီအား ခုန်၍သူ၏လက်ကိုအလျင်အမြန်ပြန်သိမ်းအောင် ခြောက်လန့်လိုက်၏။

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now