Chapter 11(Unicode)

1.6K 455 7
                                    

Chapter 11:သူအလုပ်ကောင်းကောင်းမလုပ်ရင် သူ့ကိုအလုပ်ဖြုတ်ပစ်ရလိမ့်မယ်!

"အိုက် ယို့ ဒါက ခိုဥတစ်ဥပဲ!" ကျီရှောင်ယွီ အပြေးအလွှားသွားပြီး ဥဖြူလေးကို မဝှက်ထားနိုင်ခင်လေးတွင် ဝူယောင်ချန်းသည် သူ၏လက်တစ်ပြက်မီး၏ အလင်းရောင်ကြောင့် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်သွားပြီးဖြစ်သည်။

"ကျီလောင်တိ မင်း ဒီဥကို အိပ်ယာပေါ် တင်ပြီး ဘာလုပ်တာလဲ? ဥကို ဝပ်ပေးနေတာလား? ဟားဟားဟား! ဥကို မဖိမိအောင် ဂရုစိုက်အုံး ဥရဲ့အနှစ်တွေ မင်းရဲ့ တင်ပါးကို ပေကုန်အုံးမယ် ဟားဟားဟား!"
ကျီရှောင်ယွီ:"......."
ချန်းဇီကောက အတိုင်းအတာတစ်ခုအထိအမှန်တွေပြောနေတာကိုတော့ ဝန်ခံရမယ်
ဒါပေမဲ့ ဒါက သိသိသာသာကြီးကို ရစ်ငှက်ဥလေ ခိုဥတစ်ဥ မဟုတ်ဘူး!ဒါက သာမန်ဥတစ်လုံးထက် ပိုသေးပေမဲ့ အဲ့လောက်ထိ မတရား သေးနေတာတော့ မဟုတ်ဘူးလေ? ချန်းဇီကော ခင်ဗျားမျက်စိ မကောင်းဘူးလား?!

သူ၏တင်ပါးတွင် ဥအနှစ်များ ပေသွားသည်ပဲ ဖြစ်ဖြစ် ထိုပုံရိပ်ကို စဉ်းစားကြည့်လိုက်ယုံဖြင့် သူ့ကို ရူးနှမ်းသွားအောင် ပြုလုပ်နိုင်သည်။
ကျီရှောင်ယွီသည် ဥဖြူလေးကို ဖုံးအုပ်ရန် အိပ်ယာခင်းစကို ဆွဲလိုက်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပြောလိုက်သည် "ဟုတ်တယ် ကျွန်တော် ဥကို ဝပ်ပေးနေတာ ဝပ်ပေးလို့မရဘူးလား?"

"ရတာပေါ့ ရတာပေါ့!" ဝူယောင်ချန်းသည် သူစနောက်နေသည်ဟုသာ ထင်၍ ပျော်ပျော်ရွှင်ရွှင်ပင် ပြောလိုက်သည်" မင်း ဖြေးဖြေးချင်းသာ ဝပ်ပေး ငါမင်းကို မနှောင့်ယှက်တော့ဘူး တစ်နေ့နေ့ ငှက်ကလေး ပေါက်လာတဲ့အခါ ငါ မင်းကို ဟုန်ပေါင်းအိတ် အကြီးကြီးပေးမယ်!" ထိုသို့ပြောပြီးသည်နှင့် ပြုံးဖြီးဖြီးလုပ်ကာ အောက်ထပ်သို့ ဆင်းသွားလေ၏။

"ကျေးဇူးတင်ပါတယ် ချန်းဇီကော ဒါဆို ကျွန်တော် စောင့်နေမယ်နော်!" ကျီရှောင်ယွီ သူ့အနောက်မှ လှမ်းအော်လိုက်လေ၏။

ကျွန်တော့် ကလေးလေး တကယ် ပေါက်လာတဲ့အခါ ချန်းဇီကော ခင်ဗျားရဲ့ ကတိကို မဖျက်နဲ့နော်
ထိုပြသာနာကြီးပြီးဆုံးသွားပြီးနောက် သူ၏ ယခင်က အိပ်ချင်စိတ်မှာလည်း အဝေးသို့ မောင်းထုတ်ခံလိုက်ရသလိုပင်။ သူ၏ဖုန်းပေါ်တွင် ပြသနေသည့် အချိန်ကို ကြည့်လိုက်သည့်အခါ 4နာရီ 39မိနစ်သာ ရှိသေးပြီး ကျီရှောင်ယွီ အနည်းငယ် ခေါင်းကိုက်သလို ခံစားလိုက်ရသော်လည်း သူထံတွင် အခြားရွေးချယ်စရာလည်း မရှိသည့်အတွက် အချိန်အတော်ကြာ သူ၏မျက်လုံးများကို မှိတ်ထားရန်သာ ရွေးချယ်လိုက်သည်။

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now