Chapter 25(Unicode)

1.3K 290 15
                                    

Chapter Twenty Five: ရှင်းပြနေဖို့အချိန်မရှိဘူး ကျွန်တော့်ကိုအရင်ဆုံးကားထဲပေးဝင်!

ဖန်တရှင်း၏လေသံကိုကြားရသည်မှာ ကျီရှောင်ယွီတစ်ယောက် အနည်းငယ်မပျော်မရွှင်ဖြစ်မိ၍ သူသန်းဝေလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။"အသင်းခေါင်းဆောင် တခြားတစ်ယောက်မရှိလို့လား? အလုပ်လုပ်ဖို့ ကျွန်တော့်ကိုဘာလို့စောင့်နေတာလဲဗျာ? 2နာရီမထိုးခင်ထိ ကျွန်တော်အလုပ်မလုပ်ဘူး အခုက ၁နာရီတောင်မခွဲသေးတာ... " သူကအခုလေးတင် ပြည့်အင့်အောင်စားခဲ့တာဖြစ်သောကြောင့် ယခုအနည်းငယ်အိပ်ငိုက်နေ၏။

ဖန်တရှင်းက သူ့မျက်နှာပေါ်မှစိတ်မပါ လက်မပါဖြစ်နေမှုကိုတွေ့သွားခဲ့ပြီး သူ့ကိုနည်းနည်းလောက်ဆူလိုက်မလို့ပင်။သူ(ဖန်တရှင်း)ဟာ မော့ကြည့်လိုက်ပြီး ချန်းယွီထန်လာနေသည်ကို သတိထားမိလိုက်သောအခါ ချက်ချင်းပင်အယုတ္တအနတ္တစကားလုံးတို့ကို ပြန်လည်မြိုချလိုက်ပြီး ပျူပျူငှာငှာနှုတ်ဆက်လိုက်သည်။ "ဥက္ကဌချန်း မင်္ဂလာပါ!" "မင်္ဂလာပါ "ချန်းယွီထန်ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ဟန်ချင်းရှီထံသို့လှည့်ပြီး ပြောလိုက်သည်။ "ငါမင်းကိုဒီအထိလိုက်ပို့ပေးမယ် goodbye "

"Goodbye မိတ်ဆုံစားပွဲနဲ့ပတ်သတ်ပြီး စဉ်းစားဖို့လည်း သတိရအုန်း! "ဟန်ချင်းရှီက စျေးကြီး၍ အထက်တန်းကျသောကားဆီသို့လျှောက်သွားပြီး အဝေးသို့တရွေ့ရွေ့ထွက်ခွာသွားသည်။

ဒီမနှစ်မြို့စရာလူက ဘာလို့အရမ်းချမ်းသာနေရတာလဲ?ေကာင်းကင်ဘုံက တကယ်မမျှတဘူးပဲ!ကျီေရှာင်ယွီတစ်ယောက် ကား၏အနောက်ပိုင်းသို့ မနှစ်မြို့ဖွယ် အကြည့်တစ်ချက်ပို့လိုက်သည်။

ချန်းယွီထန်က ဖန်တရှင်းကိုတီးတိုးပြောလိုက်၏။ "အသင်းခေါင်းဆောင်ဖန် ခွင့်ပြုပါအုန်း ဒါပေမယ့် ကျွန်တော့်မှာ ကျီရှောင်ယွီကို သီးသန့်ပြောစရာစကားတချို့ရှိလို့ပါ ဆီယိုတာကို.... "

ဖန်တရှင်းတစ်ယောက် သဘောပေါက်သွားပြီး မဆိုင်းမတွပင်ပြောလိုက်သည်။"ကိစ္စမရှိပါဘူး ဥက္ကဌချန်း စကားအေးဆေးပြောကြပါ ကျွန်တော် ကြမ်းကိုသွားဆေးလိုက်ပါ့မယ်! "

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now