Chapter 15(Unicode)

1.6K 414 7
                                    

Chapter 15: တုန်ယင်နေကာ သူအနည်းငယ်မူးဝေသလို ခံစားရတယ်

မားမားချန်းသည် သူတို့ကို မြင်၍ အံ့အားသင့်နေသကဲ့သို့ သူမပြောလိုက်သည် "အိုက်ယား အဲ့တာ မင်းရဲ့ အန်တီချောင်နဲ့ ယကော မိန့်မိန့် မဟုတ်ဘူးလား။
တိုက်ဆိုင်လိုက်တာ နှုတ်ဆက်ဖို့ သွားကြရအောင်"

"မား တစ်မိနစ်လောက် နေပါအုံး" ချန်းယွီထန်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်ကာ တစ်ခဏမျှ သူမကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူ၏မျက်နှာပေါ်ရှိ အမူအရာမှာ တည်ကြည်လေးနက်သွားသည် "ဒီ 'တိုက်ဆိုင်မှု' ဆိုတာကတကယ်တော့ အမေ တမင်တကာ စီစဉ်ထားတာ ဟုတ်တယ်မလား?"

မားမားချန်း၏မျက်လုံးများမှာ အနည်းငယ် လက်သွားကာ တစ်ခဏမျှကြာပြီးနောက် သူမထက် ခေါင်းတစ်လုံးထက် ပိုရှည့်သည့် သူမ၏သားကို ကြည့်လိုက်ပြီးနောက် သူမ တည့်တိုးဝန်ခံလိုက်လေသည် "ဟုတ်တယ် အဲ့တော့ဘာဖြစ်လဲ?" မင်းရဲ့ မားမားက မင်းကောင်းဖို့ တစ်ခုတည်းအတွက် သရုပ်ဆောင်နေတာ မဟုတ်ဘူးလို့ မင်းထင်နေတာ...။

မင်းက ကျေးဇူးမတင်ဘဲ မင်းရဲ့မားမားကိုတောင် အပြစ်တင်ချင်နေသေးတယ်? ယကောရဲ့ ရုပ်ရည်ကောစိတ်နေသဘောထား နှစ်ခုလုံးက တစ်ရာမှာ တစ်ယောက်ပဲ။ စစ်တုရင်ကစားတာ၊ ပန်းချီဆွဲတာ၊
လက်ရေးအလှရေးတာကော သူ(မ)က သူ(မ)က အရာအားလုံးမှာ ကျွမ်းကျင်တယ်။ သူမရဲ့နှလုံးသားထဲမှာ မင်းကရှိနေပြီးပြီ။ တစ်ခုခုအတွက် မင်းမကျေနပ်တာရှိရင် ပြောလိုက်စမ်းပါ"

"ဒါက စိတ်ကျေနပ်တာ မကျေနပ်တာရဲ့ မေးခွန်းတစ်ခု မဟုတ်ဘူး ကျွန်တော် သူ့အတွက် ဘာကိုမှ လုံးလုံး မခံစားရတာ" ချန်းယွီထန် သက်ပြင်းတစ်ချက်ချလိုက်ပြီး "မား ကျွန်တော် အမေ့ကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက......."

မားမားချန်းသည် သူမ၏အသံကို နှိမ့်လိုက်ကာ ချန်းယွီထန်ကို ဖြတ်ပြောလိုက်သည် "ဟုတ်တယ် မင်းလွန်ခဲ့တဲ့ဆယ်နှစ်က ပြောခဲ့တယ်; မင်း မိန်းကလေးတွေကိုသဘောမကျဘူး ယောကျာ်းလေးတွေကိုပဲ သဘောကျတယ်လို့။မင်းအဖေနဲ့ငါ မင်းကို ဆူပူပြီး ရိုက်ခဲ့တယ် ဒါပေမဲ့ ငါတို့က မင်းကို မနိုင်နိုင်ဘူး မင်းက မင်းလုပ်ချင်တာကိုပဲ လုပ်တာ"

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now