Chapter 37(Zawgyi)

540 65 2
                                    

Chapter Thirty-Seven:ဘေဘီရာ စိတ်မဆိုးပါနဲ့ကွာ

ချန်းယွီထန်က ထပ်ပြီးမမေးဘဲ မနေနိုင်ခင်အထိ အချိန်အကြာကြီး ကျီရှောင်ယွီ၏ အဖြေကိုစောင့်နေခဲ့တာဖြစ်သည်။ "ရှောင်ယွီ ဘာလို့စကားမပြောတာလဲကွာ? အရင်တုန်းက ဘယ်လိုအင်အားကြီးတဲ့လူနဲ့ ရှိနေခဲ့တာလဲ? "

ခင်ဗျား ဘာလို့ဒါကိုပဲ အမြဲမေးနေတာလဲ?  မေးမြန်းဖို့အတွက် ခင်ဗျားမှာ ဘာအရည်အချင်းတွေများရှိနေလို့လဲ? သူဘယ်သူလဲဆိုတာ ဘယ်သူကရော ဂရုစိုက်နေလို့လဲ ကျွန်တော်ခင်ဗျားကိုပြောပြမှာ မဟုတ်ဘူး! "ကျီရှောင်ယွီက သူ့ခေါင်းကိုလှည့်လိုက်ကာ သူရဲ့ နီရဲနေသည့်မျက်ဝန်းတို့ကို ပွတ်သုတ်လိုက်သည်။ သူက စိတ်ဆိုးမာန်ဆိုးပြောလိုက်၏။  "အကယ်၍ အဲ့ညမှာ  ကျွန်တော့်နေရာမှာ တခြားလုဆိုရင်လဲ ခင်ဗျားအတွက်တော့ အတူတူပဲဖြစ်မှာပဲလေ ဟုတ်တယ်မလား? ခင်ဗျား စိတ်ချလက်ချနေပါ။ ကျွန်တော်က ယောက်ျားတစ်ယောက်ပါ မိန်းမတစ်ယောက် မဟုတ်ဘူး။ကျွန်တော် ခင်ဗျားအပေါ်မမှီခိုချင်ဘူး။ ပြီးတော့ခင်ဗျားတာဝန်ယူဖို့ လိုတယ်ဆိုပြီး ကျွန်တော်ပြောမှာလည်း မဟုတ်ဘူး! "

သူက ဥဖြူလေးကို အလွန်အရေးကြီးသကဲ့သို့ ကြည့်လိုက်သည်။ ဥဖြူလေးရဲ့ နောက်အဖေက ဘယ်သူဘယ်ဝါဖြစ်တာကြောင့် မဟုတ်ဘဲ ဥဖြူလေးက သူရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကနေ ဖွံ့ဖြိုးလာခဲ့ပြီး သူ၏ကိုယ်ပိုင် မရေမတွက်နိုင်သော အားထုတ်မှုများနှင့် ထုဆစ်ခဲ့ရသောကြောင့်သာဖြစ်သည်။

အကယ်၍ သူတစ်ယောက်တည်းဖြစ်နေခဲ့ရင်တောင် သူက ဥဖြူလေး ပေါက်လာဖို့အတွက် ကြိုးစားပြီး နောက်ပိုင်းကလေးကိုကောင်းကောင်းမွန်မွန် ပျိုးထောငိမှာဖြစ်သည်။ ချန်းယွီထန်ကို တခြားအဖေတစ်ယောက်အနေနဲ့ ရှိတာ? အဲတာက သူ့အတွက် ဘာမှ! မ! ဟုတ်! ဘူး!

ချန်းယွီထန်က မတရားခံရသည့် ကလေးတစ်ယောက်လို သူ၏ဖောင်းထွက်နေသော ပါးများနှင့် နီရဲနေသည့်မျက်လုံးတို့ကိုကြည့်ကာ သူ့နှလုံးသားလေးထဲတွင် နာကျငိမှုနှငိ့ သနားသက်ဝင်မှုကိုမခံစားရဘဲ မနေနိုင်တော့ချေ။

သူက တိုးတိုးလေးပြောလိုက်၏။ "ဟုတ်ပါတယ် မင်းလေးမှန်တယ် ။ကိုယ့်မှာ တကယ် မေးပိုင်ခွင့်မရှိပါဘူး။ ကိုယ်အဲဒီညက လုပ်ခဲ့တာအတွက် ဆင်ခြေဆင်လက်တွေပေးတာကလဲ ကိုယ့်အတွက် အဓိပ္ပာယ်မဲ့ပါတယ်ကွာ။ ကိုယ်ပြောနိုင်သမျှအကုန်က ကိုယ် အခု အတည်ပြောနေတာဆိုတာပါပဲ။ ကိုယ် မင်းနဲ့ပတ်သတ်ပြီးအတည်ပါ။ တာဝန်ယူမှု ဒါမှမဟုတ် အပြစ်ရှိစိတ်ကြောင့် ဟန်ဆောင်နေတာမဟုတ်ပေမယ့် မင်းကမင်းဖြစ်ပြီး ကိုယ်ကမင်းကိုကြိုက်တဲ့အတွက်ကြောင့်မလို့ပါ"

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now