Chapter 31(Unicode)

1.1K 258 17
                                    

Chapter Thirty-One: သူက သူဌေးကောင်းတစ်ယောက်ပဲ!

ယနေ့ ရာထူးတိုးခြင်း နှင့် လစာတိုးခြင်းအကြောင်းစဥ်းစားကာ ကျီရှောင်ယွီသည် သူ့ကိုယ်သူ ရယ်မောခြင်းမှ မထိန်းထားနိုင်တော့ချေ။ သူက လုံခြုံရေးဌာနကိုတိုက်ရိုက်ပင် သွားလိုက်ပြီး ယန်ယီဖုန်းတစ်ယောက် သူ့စားပွဲမှာထိုင်ရင်း လက်ထဲတွင် စီးကရက်ဖင်စီခံတစ်ခုနှင့်အတူ စာရွက်စာတမ်းတစ်ခုကို မှင်တက်တွေဝေကာ ဆိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့အနောက်ရှိနံရံတွင်တော့ မနေ့က လက်ဗဆာင်ရရှိခဲ့ေသာ ရွှေရောင်ကြော်ငြာဘုတ်စာတန်းကို ချိတ်ဆွဲထား၏။

သူက သူ့အရှေ့ကိုလျှောက်သွားကာ ဖျောက်ခနဲ မြည်သံတစ်ခု နှင့်အတူ အလေးပြုလိုက်ပြီး " ခေါင်းေဆာင် မင်္ဂလာနံနက်ခင်းပါ" ဟု ကျယ်လောင်စွာ ပြောလိုက်၏။

ယန်ယီဖုန်းတစ်ယောက် ထခုန်မိကာ သူ၏စီးကရက်ဖင်စီခံကြောင့် အပူလောင်လုနီးပါးပင်။သူက ၎င်းကို ပြာခွက်ထဲတွင် ထိုးသတ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ရယ်ရယ်မောေမာ ဆူလိုက်သည်။ "F**k မင်းက ငါ့ကို မနက်အစောကြီး နှလုံးရပ်အောင် လုပ်လုနီးပါးပဲ"
ကျီရှောင်ယွီက "ဟီးဟီး"ဟု ရယ်ကာ ဆိုလိုက်သည်။ "ခေါင်းဆောင် ကျွန်တော်တောင်းပန်ပါတယ်ဗျ။  ကျွန်တော်အရမ်းပျော်နေလို့ပါ"

"ကလေးတစ်ယောက်လိုမျိုးပဲ မင်းရဲ့မျက်နှာမှာ မင်းရဲ့အတွေးတွေအကုန်လုံးက အတိုင်းသားပေါ်နေတော့တာပဲ။ ငါအရင်တုန်းက မင်းကတုံးချင်ယောင်ဆောင်နေတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် နောက်ဆုံးတော့ ဒီနေ့ ငါသိသွားခဲ့ပြီ အဲ့တာက..... "

ယန်ယီဖုန်းက အဆုံးထိမပြောဘဲ ပြုံးကာ သူ၏ခေါင်းကိုယမ်းလိုက်၏။ "ငါပြောတာက မစ္စတာ ကျီရှောင်ယွီ မင်းကအရမ်းတော်တာပဲ။ ငါထင်ခဲ့တာက မနေ့က လုံလုံလောက်လောက် စိတ်လှုပ်ရှားပြီးပြီလို့ ဒါပေမယ့် ဒီနေ့က ပိုပြီးတောင် စိတ်လှုပ်ရှားရလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး။ မင်းကကုမ္ပဏီမှာလုပ်တာ သုံးလလောက်တောင်မရှိသေးပေမယ့် မင်းက ဥက္ကဌချန်းရဲ့ ထောက်ခံမှုနဲ့ အသိအမှတ်ပြုမှု အများကြီးကို ရခဲ့ပြီး ပျံနေတဲ့ဒုံးပျံထက်တောင် ပိုပြီးမြင့်တက်သွားပြီ။ မင်းဆီမှာ ငါ့ကိုဝေမျှပေးနိုင်မယ့် လှည့်ကွက်တချို့များရှိလား? "

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now