Chapter 6(Unicode)

1.7K 368 2
                                    

Chapter Six : ကောင်လေးတစ်ယောက်က လုံးလုံးလျားလျားကို လိုက်ကပ်နေလို့ သူခွာချလို့ကိုမရဘူး

ဟုန်ရှန်းအဆောက်အအုံ ၄၆လွှာ ဥက္ကဌရုံးခန်းတွင်:

ချန်းယွီထန်သည် သူ၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးလျက် စားပွဲခုံပေါ်တွင် လက်ဖဝါးချင်းယှက်ပြီး သားရေထိုင်ခုံပေါ်တွင် ထိုင်နေလေသည်။

"ဥက္ကဌချန်း အစည်းအဝေးဘယ်ချိန်စမလဲ? " ဟူ၍ စီမံခန့်ခွဲရေး စီနီယာလက်ထောက် ဖြစ်သည့် ကျောက်ပိုင်ရှင်းက နှပ်ကော်ဖီခွက်ကို စားပွဲခုံပေါ်တွင်တင်ရင်း ဂရုတစိုက်မေးလိုက်သည်။

သူ ဓာတ်လှေကားလော်ဘီ ထဲသို့ ဝင်ချိန်မှစပြီး အခုထိ ဥက္ကဌချန်းတစ်ခုခုဖြစ်နေသည်ကို သူခံစားမိသည်  ဥက္ကဌချန်းသည် အထူးဓာတ်လှေကားကို ခေါ်ထားခဲ့သော်လည်း မစီးခဲ့ပေ။ အမှန်တကယ်ကအစားအသောက်ပို့သည့် ကောင်လေးပါသည့် ဝန်ထမ်းသုံးဓာတ်လှေကားထဲတွင်  တိုးဝှေ့၍ ဝင်သွားခဲ့ခြင်းဖြစ်သည်

ရုံးထဲသို့ရောက်သောအခါတွင်လည်း များသောအားဖြင့် သူလုပ်လေ့လုပ်ထရှိသကဲ့သို့ အလုပ်ကို တက်တက်ကြွကြွမသွားခဲ့ပေ။ သူ၏ခေါင်းက ကောင်းကင်ထဲ ရောက်နေသယောင် စကားတစ်ခွန်းမျှမပြောဘဲ တစ်နေရာထဲတွင် သုံးမိနစ်ခန့် ထိုင်နေခဲ့ခြင်းဖြစ်သည် ။

(T/N- head in the sky :ခေါင်းကကောင်းကင်ထဲ ရောက်နေတယ် ဆိုတာက တစ်ယောက်ယောက်က ပတ်ဝန်းကျင်ထဲ အဆက်အသွယ်ပြတ်ပြီး အတွေးထဲနစ်မြုပ်ပြီး တွေဝေမိန်းမောနေတာကို ဆိုလိုတာပါ)

အချိန်ပိုဆင်းပေးရန် အစည်းအဝေးခန်းထဲသို့ဆင့်ခေါ်ခံရသည့် ဌာနဆိုင်ရာ မန်နေဂျာများကို စောင့်ခိုင်းထားခြင်းက အနည်းငယ်ထူးဆန်းနေလေသည်

ချန်းယွီထန်ဟာ နောက်ဆုံး အသိပြန်ဝင်လာခဲ့သော်လည်း  ပြန်မဖြေခဲ့ဘဲ  "ရှောင်ကျောက် ငါ မနှစ်ကဒီဇင်ဘာလကုန်ခါနီးတုန်းက ရှင်းချန်မြို့မှာ ဘာလုပ်ခဲ့လဲဆိုတာ မှတ်မိလား? "

"ကျွန်တော်မှတ်မိပါတယ်"

ကျောက်ပိုင်ရှင်းအတွက်  စီမံခန့်ခွဲရေး စီနီယာလက်ထောက်တစ်ယောက် ဖြစ်လာဖို့ရန် ကဏ္ဍများစွာတွင် ထူးချွန်နေဖို့လိုအပ်ခဲ့သည်။ထိုထဲကတစ်ခုမှာတော့ သူ၏မှတ်ဥာဏ်ကောင်းခြင်းဖြစ်သည်။

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now