Chapter 18(Unicode)

1.6K 405 11
                                    

Chapter Eighteen: ဥက္ကဌချန်း ခင်ဗျားကတကယ်တော့ လူ့အရေခွံခြုံထားတဲ့ ဝံပုလွေတစ်ကောင်ပဲ ဟုတ်တယ်မလား?

ကျီရှောင်ယွီ အလုတ်ကြီးကြီးစားလိုက်ကာ ချန်းယွီထန်သည်အချိန်အတော်ကြာ သူ၏တူကိုမလှုပ်ကြောင်းတွေ့လိုက်ရသည်။ဝါးနေရင်းနှင့်ပင် သူမပီမပြင်ပြောလိုက်၏။ "ဥက္ကဌချန်း ခင်ဗျားကမယဉ်ကျေးတာပဲ ah အကယ်၍ခင်ဗျားသာ မယဉ်ကျေးရင် ခင်ဗျားရဲ့အနာဂတ်ဇနီးက ခင်ဗျားအတွက် ချက်ပေးချင်မှာ မဟုတ်ဘူး"
(Tn-ထမင်းဟင်းတွေကို တစိမှမထိသေးလို့ မယဉ်ကျေးဘူးလို့ပြောတာပါ)

ဟုတ်ပါပြီ ငါစားပါ့မယ်။ ငါဒူးထောက်ပြီးတော့ကို မင်းစားစေချင်တဲ့ဟင်းပွဲအကုန်လုံး စားပါ့မယ်။

ချန်းယွီထန် တစ်လုတ်စားလိုက်၏။ သူ၏စိတ်ကိုဒုံးဒုံးချလိုက်ကာ စတင်ကာစားလိုက်သည်။

တစ်ခဏမျှကြာပြီးနောက် စားပွဲထိုးသည် ဆီသင်းရနံ့လေး ထောင်းထောင်းထနေသော သံပန်းကန်ပြားပေါ်ရှိအမဲသားပြားကြီးကို တည်ခင်းရန်ရောက်လာခဲ့သည်။ ကျီရှောင်ယွီ ချက်ချင်းပင် သွားရည်ယိုလာ၏။

သူ၏ပါးစပ် တပြင်ပြင်ဖြစ်နေသည်ကိုကြည့်ကာ ချန်းယွီထန်သည် ၎င်းကိုအနည်းငယ်သဘောတကျဖြစ်မိသည်။ ခက်ရင်းနှင့်ဓားကိုကိုင်ကာ သူ အမဲသားပြားကိုလှီးဖြတ်လိုက်ပြီး ၎င်း၏တဝက်နီးပါးကို ကျီရှောင်ယွီ၏ပန်းကန်ပြားထဲထည့်ပေးကာ တင့်တယ်စွာပြောလိုက်သည်။ "ယဉ်ကျေးမှု လောကဝတ်ဆိုတာ အပြန်အလှန်လိုအပ်တယ်"

Wow....  အရမ်းကောင်းတာပဲ! ဥက္ကဌချန်း ခင်ဗျားက တကယ်ကိုရက်ရောတာပဲဗျာ!

ကျီရှောင်ယွီသည် အမဲသားပြားကိုယူရန် ခက်ရင်းတစ်ခုကိုသုံးလိုက်ကာ "ohmmmm"ဟူ၍ အလုတ်ကြီးကြီးကိုက်လိုက်သည်။ထို့နောက် သူသည် အသားမှ အနီရင့်ရောင် အရည်တစ်စက်ထွက်လာသည်ကို တွေ့လိုက်ရ၍ ရုတ်တရက်ပင် ထိုအမဲသားပြားသည် အရမ်းမကောင်းတော့သလိုပင်။

'အနေတော်မကျက်တကျက်'ဆိုတာဘာလဲ ၊ဒီအသားကအစိမ်းကြီးပဲရှိသေးတယ်ဗျ! ဥက္ကဌချန်း ခင်ဗျားက တကယ်တော့ လူ့အရေခွံခြုံထားတဲ့ ဝံပုလွေတစ်ကောင်ပဲ ဟုတ်တယ်မလား?

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now