Chapter 7(Unicode)

1.7K 383 6
                                    

Chapter seven: ဒီဥကအတော်လေးသန်မာတာပဲ ဒီသခင်လေးရဲ့ဥ  ဖြစ်ထိုက်ပါပေတယ်


ပျင်းရိစရာကောင်းသည့် အစည်းအဝေးကြီးပြီးဆုံးသွားပြီးနောက် ဌာနဆိုင်ရာ မန်နေဂျာများလည်း အသီးသီးလမ်းခွဲသွားကြသည်။ ချန်ယွီထန်လည်း သူ၏ရုံးခန်းကို ပြန်လာပြီး အစည်းအဝေးမှ ယူဆောင်လာသည့်ပြဿာနာများကို စစ်ဆေးရန် အချိန်တစ်ခု ယူလိုက်သော်လည်း ယခုချိန်တွင်တော့ ဖြေရှင်းချက်မရှိပေ။

ကျောက်ပိုင်ရှင်းသည်  အစည်းအဝေးကြာချိန်ကို ခွဲခြမ်းလိုက်ကာ သူ၏လက်ချောင်းထိပ်တွင် ရေတွက်လိုက်သည်။သူ နံရံပေါ်တွင် ချိတ်ဆွဲထားသည့် နာရီကို မသိမသာ တစ်ချက်ကြည့်လိုက်၏။

ဆယ်နာရီတောင် ကျော်သွားပြီ ဖြစ်သည်။

"ဒီနေ့အတွက် ဒါကို ထားလိုက်ပြီး သွားကြရအောင်"

ချန်းယွီထန် ရပ်လိုက်ပြီး ပြောလိုက်သည်"ရှောင်ကျောက် ငါမင်းကို တခြားအလုပ်တစ်ခုပေးမယ်

မင်းမှာ အချိန်ရတဲ့အခါ ခုနတုန်းက ပါဆယ်ပို့တဲ့ကောင်လေးရဲ့ နောက်ခံနဲ့ လက်ရှိ အခြေအနေကို စုံစမ်းကြည့်သတင်းရတဲ့အခါ ငါ့ကို ပြန်ပြီးတင်ပြပါ"

"ဘယ်သူလဲ..အိုး... ကျွန်တော်နားလည်ပါပြီ ဥက္ကဋ္ဌချန်း"

ကျောက်ပိုင်ရှင်းသည် ချန်းယွီထန်၏ ရုတ်တရက်  ညွှန်ကြားချက်နှင့် ပတ်သက်ပြီး အလွန် သိချင်နေသော်လည်း၎င်းကို သူ၏မျက်နှာပေါ်တွင် ပြသခြင်းမရှိဘဲ သူ၏မျက်နှာအမူအရာမှာ လုံးဝ အလုပ်ကိစ္စကိုသာ စူးစိုက်လျက်။

၎င်းတာဝန်မှာ ဤစံမံခန့်ခွဲရေး လက်ထောက်အတွက်အခွံမာသီးကို ဖွင့်ရန် ကျောက်ထုသည့်တူတစ်ချောင်းကိုအသုံးပြုရသကဲ့သို့ လွယ်ကူ၏။ ထိုပါဆယ်ပို့သည့်ကောင်လေးမှာ စာသောက်ဆိုင်၏ LOGO ရိုက်နှိပ်ထားသည့်အေပရွန်ကို ဝတ်ဆင်ထားသည်။ သို့သော် သူသည် အသက်၂၀အရွယ် လုပ်ခစားတစ်ဦးသာ ဖြစ်သည့်အတွက်မည်ကဲ့သို့ နောက်ခံအခြေအနေမျိုး ရှိနိုင်မည်နည်း။ မြန်မြန်ဆန်ဆန် တစ်ချက်လောက် ကြည့်လိုက်သည်နှင့် လုံးဝရှင်းရှင်းလင်းလင်း ဖြစ်လာလိမ့်မည်။

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now