Chapter 16( Unicode)

1.7K 397 16
                                    


Chapter Sixteen:  အဲ့လိုမျိုး အပူအပင်ကင်းတဲ့အပြုံးလေးနဲ့ ပျားတွေလိပ်ပြာတွေကို ဆွဲဆောင်နေတယ်။

လုံခြုံရေးဌာန၏ စစ်ရေးလေ့ကျင့်မှုများသည် မခက်ခဲပေ။ အဓိကအားဖြင့် စီတန်းအင်အားပြသသည့်ပုံစံ တန်းစီရခြင်း ဘယ်ညာလှည့်ခြင်း ၊စစ်တပ်သုံးသဲအိတ်နှင့် လက်သီးထိုးခြင်း ကန်ရခြင်း ၊ဒိုက်ထိုးရခြင်းနှင့်လုံခြုံရေးပစ္စည်းအမျိုးအစားများစွာ၏အသုံးပြုပုံကို လေ့ကျင့်ရခြင်းတို့သာဖြစ်သည်။  ကျီရှောင်ယွီသည်တစ်စုံတစ်ယောက်၏အာရုံကို ဆွဲဆောင်ရန်  အလွန်သိသာထင်ရှား မဖြစ်ချင်ပေ။ထို့ကြောင့်ပင် သူသည် တမင်ရည်ရွယ်ကာ သာမန်အတိုင်းအတာအတွင်းသာကောင်းမွန်စွာလုပ်ဆောင်၏။ အလွန်အမင်းသိသာစေမည့် တစ်ခုမျှမလုပ်သကဲ့သို့ သူကိုယ်တိုင်အပြစ်ပေးခံရမည့် မည်သည့်အရာမျှလည်းမလုပ်ပေ။ ရက်အနည်းငယ်ကြာပြီးနောက် လုံခြုံရေးအစောင့်များသည်လည်း ထိုအသစ်ရောက်လာသည့်ကောင်လေးကို အာရုံစိုက်မနေတော့ချေ။

၇ရက်သည် မြန်ဆန်စွာကုန်ဆုံးသွားပြီးနောက် အောက်တိုဘာလ ၈ရက်နေ့ မနက်ခင်းတွင် ဟုန်ရှန်းအဆောက်အအုံ block Aတွင် အလုပ်လုပ်ရန်လာသည့် ဝန်ထမ်းမှာ lobbyလုံခြုံရေးစားပွဲတွင်ရှိသော လုံခြုံရေးအစောင့်သည် နူးညံ့သည့် အသွင်အပြင်နှင့် ကြည်လင်သည့်အသားအရေရှိသော လူအသစ်တစ်ယောက်အဖြစ်ပြောင်းသွားကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။ အသစ်စက်စက် စစ်စိမ်းရောင် ယူနီဖောင်းကိုဝတ်ဆင်ထား၍ သူ၏သေးသွယ်သော ခါးလေးကို ခါးပတ်တစ်ခုနှင့် စည်းနှောင်ထားသောကြောင့် သူသည် ရေထဲမှပေါ်ထွက်ကာ ကြီးထွားနေသော ဝါးပင်ကဲ့သို့ သေးသွယ် ဖြောင့်တန်း၍ လန်းဆန်းကာ သာယာဖွယ်ဖြစ်နေသည်။

လုံခြုံရေးအစောင့်အသစ်သည် လူအများကို စကားပြောသောအခါ ယဉ်ကျေးနွေးထွေး၍ ဂရုတစိုက်ရှိကာ  ဝင်းလက်၍ သပ်ရပ်သော သွားဖြူတန်းလေးထွက်ပေါ်လျက် တောက်တောက်ပပ အပြုံးကြီးပြုံးကာ လူတိုင်းကိုကြည့်လေသည်။ ထိုအပြုံးသည် ဝန်ထမ််းအများစု၏ မျက်လုံးများကိုကန်းသွားစေသည်။ အထူးသဖြင့် အမျိုးသမီးများကိုပင်။ လူများစွာသည် ဖြတ်လျှောက်သွားပြီး စက္ကန့်အနည်းငယ်ကြည့်တတ်ကြသလို သူတို့သည် မည်သည့်စကားမျှဆိုစရာမရှိပါဘဲ နောက်သို့ပင်ပြန်လှည့်ကာ ဟိုဟိုသည်သည် စကားလုံးအနည်းငယ်ပြောဆိုရန် စကားစရှာတတ်ကြသေးသည်။

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now