Chapter 35 (Unicode)

1.1K 257 7
                                    

Chapter Thirty-Five:ဘယ်သူက မင်းကို ဖေဖေ ခေါ်ရမှာလဲ?

နင်ချန်း နွေဦးနှင့်ဆောင်းဦးသည် နင်မြို့တွင် နှစ်၁၀၀ သမိုင်း နှင့် လမ်းဟောင်းပေါ်တွင် တည်ရှိနေခဲ့တာ ဖြစ်သည်။ ၎င်းကို တမူထူးခြားသည့် အိမ်ဟောင်းကြီးတွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ မြင့်မားသည့်စျေးနှုန်းနှင့် အထက်တန်းကျသည့်ဟင်းလျာများကြောင့် ထိုနေရာတွင် သာမန်လူတစ်ယောက်က လွယ်လင့်တကူ စားဖို့ မတတ်နိုင်ချေ။ ထို့ကြောင့်  သွားကြလာကြသည့် စာသုံးသူအများစုမှာ ချမ်းသာကာ လေးစားဖွယ်ပင်။

ကားထဲက ထွက်လာပြီးနောက် ချန်းယွီထန်က လက်ပြန်ချိတ်ဖို့ တစ်ဖက်မှ ပတ်လာခဲ့သည်။ ကျီရှောင်ယွီက အရေပါး၏။  ပတ်ပတ်လည်ရှိ လူများကိုကြည့်ကာ ရှက်ရွံ့လာခဲ့သည်။သူက သူ၏လက်ချောင်းတွေကို သူ့အင်္ကျီလက်ထဲထည့်ကာ သူ့လက်ကိုမကိုင်ခဲ့ပေ။

လူမြင်ကွင်းတွင် ချန််းယွီထန်က သူ့ကိုဖိအားမပေးခဲ့ပေ။  ထို့အစား စိတ်မပါလက်မပါဖြစ်နေသော သူ့ရည်းစားလေး၏ ပုခုံးကိုဖက်ကာ သဘောထားကြီး၍ ရင်းနှီးသည့် လေထုနှင့်အတူ သူ့အားအိမ်ဟောင်းထဲသို့ ယဉ်ကျေးပျူငှာစွာ ဦးဆောင်ခေါ်သွားခဲ့သည်။

သူက လမ်းမှာထဲက ဖုန်းနှင့်ကြိုတင်ဘွတ်ကင်ယူထားပြီဖြစ်သည်။ ထို့ကြောင့်  သူ လော်ဘီထဲသို့ဝင်ဝင်ခြင်းပင် မန်နေဂျာက သူ့ကို အပြုံးတစ်ခုနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်လာ၏။"ဥက္ကဌချန်း ကျွန်တော် ခင်ဗျားကိုမတွေ့ရတာတောင် အတော်ကြာပြီဗျာ ကြိုဆိုပါတယ်! "

သူက စကားပြောနေရင်း သူ့(ချန်းယွီထန်)ဘေးရှိ ခန့်ညားသည့်လူချောလေးကို မကြည့်ဖို့ သူကိုယ်သူ ထိန်းမထားနိုင်တော့ေချ။ အံ့အားတကြီးဆိုလိုက်၏ "ဟေး ဒီတစ်ယောက်မှာ တကယ်ကိုကောင်းမွန်တဲ့မျက်နှာလေးရှိတာပဲဗျ။ ဒီကသခင်လေးက ဘယ်သခင်လေးများလဲဆိုတာ ကျွန်တော် အတင့်ရဲပြီးမေးပါရစေ? "

ကျီရှောင်ယွီက စဉ်းစားမနေဘဲ သူ့ကိုအမှန်ပြင်ပေးကာ ဆိုလိုက်၏။ "ကျွန်တော်က သခင်လေးမဟုတ်ပါဘူးဗျာ ကျွန်တော်က  ဥက္ကဌချန်းရဲ့ ကိုယ်ပိုင်သက်တော်စောင့်ပါ"
လော်ဘီမန်နေဂျာ :"...."

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now