Chapter 12(Zawgyi)

888 142 0
                                    

Chapter 12: ဒီသခင်လေးက မင်းရဲ့အရေခွံကိုစုတ်ပြီး ဝက်ဆားနယ်ခြောက်လုပ်မလားဆိုတာကြည့်လိုက်လေ
ယနေ့ညသည် စားသောက်ဆိုင်လေးတွင် ကျီရှောင်ယွီ၏နောက်ဆုံးညပင်ဖြစ်သည်။ သူသည် သူပိုင်ဆိုင်သည့်ပစ္စည်းအချို့ကို ကင်းဗတ်အိတ်တွင်ထုပ်ပိုးလိုက်ပြီး ထပ်ခိုးကို နောက်တစ်ဖန်သန့်ရှင်းရေးလုပ်လိုက်သည်။ သူပြီးစီးသွားသည့်အချိန်၌ ရေမိုးချိုး၍ အိပ်ယာထဲတွင် လှဲလျောင်းလိုက်သည်။သူ၏ဥဖြူလေးကိုလက်ဖြင့်ထိ၍ ပြောလိုက်သည်။"ဒယ်ဒီ့ရဲ့ကလေးလေး မနက်ဖြန်ဒယ်ဒီက အလုပ်သစ်စလုပ်တော့မယ်။ ပြီးတော့အိမ်သစ်ကိုလဲပြောင်းတော့မယ်။ ဒယ်ဒီရဲ့ကလေးလေးပျော်ရဲ့လား?"

ဥဖြူလေးသည် သူ၏လက်ဖဝါးထဲတိတ်ဆိတ်စွာလှဲလျောင်းနေရင်း သမားရိုးကျပင် ပြန်လည်မဖြေကြားခဲ့ပေ။

ကျီရှောင်ယွီသည် ဥဖြူလေးပေါ်သို့ဖွဖွလေးနမ်းလိုက်သည်။ ထို့နောက် သူ၏ဝမ်းဗိုက်အောက်တွင်ထားလိုက်ပြီး အိပ်ဖို့ရန်အတွက် မီးပိတ်လိုက်သည်။

ထိုအချိန်တွင် အောက်ထပ်ရှိဝူယောင်ချန်းသည် သူ၏ဟောက်သံဖြင့် အမိုးကိုပါပွင့်ထွက်စေနိုင်နေပြီဖြစ်သည်။ ကျီရှောင်ယွီသည် အနည်းငယ်နားညီးသက်သာရန် ဂွမ်းကပ်စောင်ကိုဆွဲယူ၍ သူ၏ခေါင်းကိုအုပ်လိုက်ရတော့သည်။

ကံကောင်းစွာဖြင့် သူသည် ကောင်းစွာမအိပ်ရသောအခါ သူ၏ဥလေးကိုမဝပ်ပေးခင်အချိန်ကကဲ့သို့ ဒေါသထွက်ခြင်းမရှိတော့ပေ။ အကယ်၍ ထိုသို့သာမဟုတ်ခဲ့လျှင် ချန်းဇီကောသည် ယခုကဲ့သို့အလွန် အေးအေးချမ်းချမ်းဖြစ်နေလိမ့်မည်မဟုတ်ပေ။

သူဌေးလီ သူ၏ဝန်ထမ်းအတွက် အပြင်တွင်အိမ်တစ်လုံးငှားရန် ပိုက်ဆံသုံးမည့်ကိစ္စမှာ လုံးဝ မဖြစ်နိုင်ကြောင်းသူသိလေသည်။ ဟုန်ရှန်းသို့ အလုပ်ဝင်ပြီးနောက် သူ၏နေထိုင်သည့်နေရာမှာ တိုးတက်လာရန်ကိုသာ သူမျှော်လင့်မိပါသည်။ သို့မှသာ သူ၏ဥကိုဝပ်ရန် ယခင်နှင့်စာလျှင် လွတ်လပ်၍ သီးသန့်ဆန်သော နေရာလေးတစ်ခုရနိုင်မည်ဖြစ်သည်။

တွေးတောနေသည်မှာ မည်မျှကြာသွားသည်မသိ ဂွမ်းကပ်စောင်ခြုံကာ အိပ်ချင်နေပြီဖြစ်သော ကျီရှောင်ယွီသည် ကြွက်တစ်ကောင်တွားသွားနေသံနှင့်တူသည့် ချိုးချိုးချွတ်ချွတ်သံကို တိုးတိုးသဲ့သဲ့ကြားလိုက်ရသည်။ ထိုအသံသည် တိုးသဲ့သဲ့ဆိုသော်ငြား ဝူယောင်ချန်း၏ဟောက်သံထက်ပင် ပို၍စိတ်ရှုပ်စရာကောင်းသည်။

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now