Chapter 43(Unicode)

334 86 6
                                    

Chapter 43 : ဘာလို့ဆို သူက ငါ့လူလေ

ချန်းယွီထန်က ကျီရှောင်ယွီမျက်နှာပေါ်က အမူအရာကိုကြည့်လိုက်ပြီး သူထပ်ပြီးသဝန်တိုနေပြန်ပြီမှန်း သိလိုက်၏။သူက အရင်ကထက်ပိုပြီး ရှာလကာရည်သောက်နေပြီပင်။ သူ(ချန်းယွီထန်)က မြူးထူးသွားပြီး ထိုအခိုက်အတန့်တွင် ဖော်ပြလို့မရနိုင်သည့်သာယာမှုတစ်ခုကိုခံစားလိုက်ရသည့်အတွက် သူ့(ကျီရှောင်ယွီ)နားထဲသို့ ဖြေးညင်းစွာခပ်တိုးတိုးပြောလိုက်သည် "ဟေး ဒေါသမထွက်ပါနဲ့ကွာ ကိုယ်က သူ့စိတ်ကျန်းမာရေးအခြေအနေမှာ ပြသနာတစ်ခုခုရှိနေမှာစိုးလို့ပါကွာ ကိုယ်မင်းကို ရည်ရွယ်ချက်ရှိရှိအပြစ်တင်တာမဟုတ်ရပါဘူး မင်းလေးက ကိုယ့်ကိုအရမ်းဂရုစိုက်တာကို ကိုယ်ကအပျော်လွန်သွားတာပါ ဘယ်လိုလုပ်ပြီး ကိုယ်ကမင်းကိုတကယ်အပြစ်တင်ရက်မှာလဲကွာ နော်?"

ယောကျာ်းသားနှစ်ယောက် ထိုနေ့ကစကားများပြီးထဲက ချန်းယွီထန်ရဲ့ စိတ်သဘောထားက တော်တော်လေးချုပ်တည်းနိုင်လာခဲ့ပြီး သူ့စကားလုံးတို့ကလည်း လုံးဝဥသုံသမားရိုးကျဖြစ်လာခဲ့သည်ပင်။ ရက်ပေါင်းများစွာကြာပြီးနောက် ကျီရှောင်ယွီက ရုတ်တရက် အရင်ကဆက်ဆံခံခဲ့ရသလို ချစ်ခင်မြတ်နိုးစွာ နူးညံ့စွာ ဆက်ဆံခံလိုက်ရသည့်အတွက်ချက်ချငိးကိုပဲ နှင်းထုထဲမှာ နစ်မြုပ်နေသည့် မီးရှူးမီးပန်းကြီးလိုခံစားလိုက်ရ၏။ သူ့ရဲ့ဒေါသက အနည်ထိုင်သွားသော်လည်း သူ့နားရွက်အောက်ခြေနားက ထိန်းမနိုင်သိမ်းမရပူလာခဲ့သည်။ အထစ်ထစ်အငေါ့ငေါ့နှင့်သူပြောလိုက်သည်က "ဘယ် ဘယ်သူက ခင်ဗျားကိုဂရုစိုက်နေလို့လဲ? ကျွန်တော်ကဒီတိုင်း ဒီတိုင်းပဲ ကျွန်တော့်ရဲ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နေတာပါနော်!"

ချန်းယွီထန်က ခပ်အုပ်အုပ်ရယ်ကာ တီးတိုးပြောလိုက်၏ "ဟုတ်ပါပြီ ဟုတ်ပါပြီဗျာ မင်းလေးပြောသလိုပါပဲ"
အမျိုးသားနှစ်ယောက်က တတွတ်တွတ်ပြောရင်း သူ့ကိုလျစ်လျူရှူထားသည်ကို ဟန်ချင်းရှီတွေ့သောအခါ သူ့မျက်လုံးထဲတွင် ကြမ်းတမ်းအေးစက်မှုနှင့် မကောင်းဆိုးဝါးစွမ်းအင်တို့ဖြတ်ပြေးသွား၏။ ထေ့လုံးတချို့နှင့်ကဲ့ရဲ့ခါနီးမှာပင် ခန်းမထဲမှ လူတစ်ယောက်ထွက်လာပြီး ကျယ်လောင်စွာအော်ပြောလိုက်၏ " ဟေး ဒါက ငါတို့ကျောင်းရဲ့ကျောင်းမြက်ကလေး ချန်းယွီထန်နဲ့ ငါတို့ရဲ့ ဆရာကြီးဟန် မဟုတ်လား?မင်းတို့နှစ်ယောက်က ဘာလို့တံခါးမှာမတ်တပ်ရပ်နေကြတာတုန်း? လူတိုင်းကအထဲမှာ မင်းတို့ကိုစောင့်နေတာကွ!" ချန်းယွီထန်က ဂရုတစိုက်နှုတ်ဆက်လိုက်၏ "အတန်းခေါင်းဆောင် မတွေ့ရတာကြာပြီနော်"
(T/n: ကျောင်းမြက်ကလေး= ကျောင်းရဲ့အချောဆုံးကောင်လေး)

President , Our Egg Is Lost (Myanmar Translation)Where stories live. Discover now