အပိုင်း (၁)

23.4K 788 17
                                    

Unicode

လက်ထဲမှာ ကိုင်လာသည့် ပန်းတို့ကို ပန်းအိုးထဲ အသာထိုးစိုက်ပြီး နောက်သို့ နည်းနည်းဆုတ်ကာထိုင်ချလိုက်ရင်း ရှေ့ရှိ သပ္ပါယ်လွန်းလှသော ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမျှော်မိသည်...

ရန်ကုန်ကို ရောက်ရောက်ချင်း ဖြစ်ချင်တဲ့ဆန္ဒကတော့ ရွှေတိဂုံဘုရားကို ဖူးမျှော်ချင်တာဖြစ်သည်..

ဒါပေမဲ့ ဆေးခန်းဖွင့်ဖို့ကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် ရောက်ပြီး နှစ်ပတ်လောက်ကြာမှသာ ဘုရားကို လာဖူးနိုင်တာပါ...

မနက်စောစော တစ်ယောက်ထဲထွက်လာဖြစ်သည်...အစောပိုင်းမို့လားမသိ လူတော့အတော်ရှင်းနေပါသည်...

ထို့နောက် လက်အုပ်ချီ​​​​ပြီး ရတနာသုံးပါးကို အာရုံပြုကာ ရိုသေစွာ ကန်တော့ရင်း တောင်းနေကျဆုကို တောင်းမိသည်..

'တပည့်တော်မသည် တစ်သက်လုံး မည်သူ့ကိုမှ ဆင်းရဲဒုက္ခရောက်အောင် မလုပ်ဆောင်ဖူးပါ...ဤမှန်သော သစ္စာစကားကြောင့် စစ်မှန်သော မေတ္တာတရားနဲ့သာ ဆုံစည်းရပါစေသား..'

ဦးချကန်တော့ရင်း စကားအချို့ကို ပြန်ကြားယောင်လာမိသည်...

'ကိုယ်က ဆုမတောင်းတတ်ဘူး ကလေးရဲ့..ဆုကတောင်းတိုင်း ပြည့်တယ်လို့လဲ ကို​ယ်မယုံဘူး..ပြီးတော့ ဆုတောင်းပြီး ဘာအားထုတ်မှုမှ မရှိတဲ့လူကိုလဲ ကိုယ်အထင်သေးတယ်..သူတို့က လူညံ့တွေပဲ..'

အမြဲတင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းပါးအစုံမှ ထွက်ကျလာတတ်တဲ့ မာနအပြည့်နဲ့ စကားများ...သိပ်လွမ်းမိပါရဲ့...

အမြဲရဲရင့်နေတတ်တဲ့သူရဲ့ပုံစံ ထက်မြက်လွန်းတဲ့ စိတ်ဓာတ်..ဒါတွေဟာ ကိုယ့်အတွက်တော့ မဟုတ်ခဲ့ဖူးဘဲ...

သူအခုဘယ်များရောက်နေမလဲ....အရမ်းကို တိုးတက်နေတဲ့ နိုင်ငံတွေမှာပဲ ပညာတွေ ဆင့်ပွားရှာနေမလား ...ဒါမှမဟုတ် ဒီနိုင်ငံမှာပဲ ရှိနေဦးမလား သူမ မတွေးချင်တော့ပါ..ကြာခဲ့ပြီပဲလေ..

နေရာမှ အသာထပြီး လှည့်အထွက် လူတစ်ယောက်နဲ့ အင့်ခနဲ တိုက်မိတော့သည်...

Second ChanceWhere stories live. Discover now