Unicode
ကျောင်းဖွင့်ရက်ပေမယ့် ဇော်တို့ thesis အတွက် သာ ပြင်နေရသည့်အတွက် ခုရက်ပိုင်း ကျောင်းမသွားဖြစ်နေပါ...အိမ်မှာသာ ခွေ၍ googleခေါက်လိုက် စဥ်းစားလိုက်နှင့် ခေါင်းတွေလဲ အတော်ပူလာသည့်အတွက် အပြင်ထွက်ရန်စဥ်းစားမိလာသည်...ဒါပေမယ့်လဲ သက်ထားက စာမေးပွဲရှိနေတာမို့ သွားဖို့ကလဲ မဖြစ်နိုင်ပါ..အင်း..သက်ထားကိုလဲ စာမေးပွဲဖြေနိုင်ရဲ့လား လှမ်းမေးဦးမှပါလေ..အတွေးနဲ့ ဖုန်းလှမ်းယူလိုက်ပါသည်...
"Hello...."
"အင်း... စာမေးပွဲဖြေနိုင်ရဲ့လား အသက်မ..."
"စာမေးပွဲဆိုတာ ဖြေနိုင်တယ် မနိုင်ဘူး မရှိပါဘူးဟာ..ငါ့အတွက်က..ဖြေပြီးတယ် မပြီးဘူးပဲ ရှိတာ..ဟိဟိ.."
သက်ထားမကတော့ အဲလိုပါပဲ... အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ စိတ်ထားလေ့ရှိပါသည်...
"အေးပါဟာ..ပြီးရော...ငါကပျင်းလို့....နင်ကလဲ စာမေးပွဲရှိနေတော့ ဘယ်မှလဲ သွားလို့မရဘူး..."
"အံမယ်...ကျမက သွားလို့မရရင် ရှင်တို့က ကျမဆီ လာခဲ့ကြပေါ့...ဘာခက်လို့..."
"အေး..ဟုတ်သားပဲ...အဲဒါဆို မေ့ကို လှမ်းခေါ်ပြီးလာခဲ့မယ်..."
"လာခဲ့..လာခဲ့...ဆရာဝန်လောင်းလေးတွေလဲ ငမ်းလို့ရတာပေါ့..ဟဟ..."
သူပြောချင်တာပြောကာ တဟိဟိရယ်ရင်း သက်ထားမက ဖုန်းချသွားသည်...ဇော်လဲ မေ့ကို လှမ်းခေါ်ကာ လှည်းတန်းမှာ စောင့်နေဖို့ ပြောရသည်...မေ ကလဲ သိပ်မလိုက်ချင်ရှာပါဘူး..နှစ်ခါတောင် မခေါ်ရချေ...
လှည်းတန်းရောက်တော့ မေ ကိုခေါ်ရင်း ဆေး ၁ ဆီ သွားဖို့ပြင်ကြသည်...ဇော်ရုတ်တရက် စိတ်ကူးပေါ်လာကာ...
"မေ...ခဏ...ငါတို့ လှည်းတန်းစင်တာ ခဏဝင်ရအောင်...ငါဝယ်စရာရှိလို့...''
"ဘာဝယ်မှာတုံး...နင်က..."
"မုန့်နည်းနည်း ဝယ်ချင်လို့ပါ....ဟိုကလေးမအတွက်..."
"ဘယ်သူ....လေပြေလား..."
"အင်း.... "
ဇော် စင်တာထဲရောက်တော့ ဒိန်ချဥ်ဘူးလေးတွေရယ်...စာကျက်ရင်းစာလို့ကောင်းမယ့်မုန့်အချို့ရယ်...အချဥ်ထုပ်တွေရယ်....သကြားလုံးလေးတွေ စသဖြင့် နည်းနည်းစီ ဝယ်လိုက်ပါသည်...နည်းနည်း နည်းနည်းနဲ့ တစ်အိတ်လုံးပြည့်မတတ်မို့ ဇော်လက်မောင်းအောင့်မတတ် ဆွဲလာရသည်...
YOU ARE READING
Second Chance