Unicode
သစ်ရွက်လေးတွေ အုံ့မှိုင်းပြီး စိမ်းစိုနေအောင် ပြင်ထားသော ချစ်စရာကော်ဖီဆိုင်လေးထဲ ဝင်လာရင်း ဇော် စားပွဲဝိုင်းတွေကို ဝေ့ဝဲကြည့်လိုက်သည်...
"Remember me" တဲ့...သိပ်ကို ကဗျာဆန်ပြီး လှတဲ့ဆိုင်ကလေးပဲ...ဒီလိုအေးချမ်းတဲ့ ကော်ဖီဆိုင်လှလှလေးကို လာသာလာရပေမယ့် ဇော်မှာတော့ စိတ်မကြည်မလင်ဖြစ်လာရတာက မပျောက်ပါ...
အကြောင်းရင်းကတော့ ဇော်လက်ခံပြီး decorationလုပ်ပေးမယ်ပြောထားတဲ့ အိမ်ပိုင်ရှင်မမက company မှာ လာပြီး မဆွေးနွေးပဲ ဒီမှာမှ ဆွေးနွေးချင်ပါသတဲ့...တော်တော်လဲ ပြောရလက်ပေါက်ကပ်တဲ့ သူမို့ ဇော်လဲ လက်လျှော့ပြီး သူလာခိုင်းတဲ့ ဒီကော်ဖီဆိုင်ကို လာလိုက်တာဖြစ်သည်...
"ဟေ့...ခန့်က ဒီမှာ..."
ထောင့်ကျကျစားပွဲဝိုင်းတစ်ခုကနေပြီး ဇော်ကို မြင်လိုက်လို့နေမည်...ဝမ်းသာအားရ လက်ပြကာ လှမ်းခေါ်နေပါသည်...အင်း...ထာဝစဥ်ကို လှပကြွရွနေတာပဲ...
"ထိုင်လေ...ဇော်...ဘာသောက်မလဲ..."
"အင်း...black coffeeပဲ ပေးပါ..."
မသာမယာဖြစ်နေတဲ့ ဇော့်မျက်နှာကို သူမက အကဲခတ်သလို ကြည့်လိုက်ကာ...
"ဒီကို လာခိုင်းရတာ အားတော့နာပါတယ် ဇော်..
ခန့်က ဆိုင်ကို လက်မလွှတ်ထားချင်လို့ပါ...""ဘယ်လို..."
"ဟုတ်တယ်...ဒါက ခန့်ဆိုင်ပါ...ခန့်အစ်ကိုက လွှဲပေးသွားတာ မကြာသေးတော့ အကုန်လုံးကို ပြန်လေ့လာရင်း ကြိုးစားနေရတာ...မဟုတ်ရင် အစ်ကိုက ပြန်သိမ်းမှာတဲ့..."
ရယ်ကာမောကာပြောနေသော သူမကို ကြည့်ပြီး ဇော်အားနာသွားပါသည်...
"ဇော်က တခြားဆိုင်မှာဆို အကြာကြီးထိုင်ပြီး ဆွေးနွေးရမှာကို အားနာလို့ပါ...ခန့်ရဲ့ဆိုင်ဆိုတော့ အဆင်ပြေတာပေါ့..."
"ဟားဟား..ဒါဆို နောက်ရက်လဲ ဒီမှာပဲ ဆုံရအောင် ဇော်... နော်... "
ကိုယ့်လက်မောင်းကို အသာကိုင်လှုပ်ကာ ရယ်ရင်းပြောနေတော့ ဇော်မှာစိတ်တောင် ညစ်လာရသည်...သိပ်လဲ ရင်းနှီးသေးတာမဟုတ်ဘဲနဲ့ကိုလေ...ဟင်းး...မပြီးခင်ထိတော့ သည်းခံ ဇော်ရေ့...သည်းခံ...
YOU ARE READING
Second Chance