အပိုင်း (၆ )

7K 527 0
                                    

Unicode

လေပြေဒီနေ့ Parasianထဲ ဝင်လာတော့ သူ့ကို တွေ့သည်...သူကလဲ လေပြေကို လှမ်းကြည့်တာနဲ့ဆုံတော့ လေပြေရယ်ပြကာ သူ့ဘေးက အဖြတ်...

"မင်း အဆင်ပြေရင် ဒီမှာထိုင်လို့ရမလား..."

"ဟုတ် ရပါတယ်...မမဇော်..."

"အင်း..ထိုင်လေ...ကိုယ်တို့စာဆွေးနွေးလို့ရတာပေါ့..."

"ဟုတ် မမဇော်..."

"ဒါနဲ့ မင်းနာမည်က လေပြေသွေးနော်...."

"ဟုတ် လေပြေလို့ ခေါ်လို့ရပါတယ် မမဇော်...."

"ကိုယ်က အဲလို မခေါ်ချင်ဘူးဆိုရင်ရော...."

"ရှင်...."

လေပြေတစ်ချက်ကြောင်သွားတော့ သူက ရယ်ကာ ခေါင်းကို တစ်ချက်ကုတ်ပြီး....

"ကိုယ်က သူများတွေနဲ့ သိပ်မတူချင်ဘူးကွ....မင်းကို အသွေးလို့ ခေါ်လို့ အဆင်​ပြေမလား..."

"အာ...ရပါတယ်... မမဇော်အဆင်ပြေသလို ခေါ်ပါ...."

"အင်း...မင်းစဥ်းစားလာတဲ့ titleပြောပါဦး...."

"လေပြေက အားလုံးစိတ်ဝင်တစားဝိုင်းဆွေးနွေးပေးလောက်မယ့် topic မျိုးလုပ်ချင်တာ..."

သူက မျက်ခုံးတစ်ချက်ပင့်လိုက်ကာ...

"အင်း...အဲတော့ အသွေးက ဘယ်လိုစဥ်းစားထာသလဲ..."

"လေပြေက life partner ရွေးရင် ဘယ်လိုရွေးမလဲ... Head or heart? ...အဲလိုပုံစံမျိုးပေါ့...လေပြေတို့ကတော့ နှစ်ဖက်စလုံးက ဆွေးနွေးသွားပြီးတော့မှ audienceကို ကိုယ်ဆိုရင်ရော ဘယ်လိုရွေးချယ်မှာလဲပေါ့...choiceပေးလိုက်ရင် ဝိုင်းဆွေးနွေးကြလိမ့်မယ်ထင်တာပဲ..."

"Wow...that's interesting... ကောင်းပြီလေ... ဒါပဲ လုပ်ကြတာပေါ့..."

"ဟင် မမဇော် စဥ်းစားလာတာ ပြောပြပါဦး....နှစ်ခုထဲက ရွေးရအောင်လေ...."

"ဟဟ...ကိုယ်မစဥ်းစားလာခဲ့ဘူး....အစကတည်းက မင်းရွေးတဲ့ ခေါင်းစဥ်ကိုပဲ လုပ်ဖို့ စဥ်းစားထားတာ....ကလေးကို အလိုလိုက်မလို့လေ..."

သူက ရယ်ဟဟနဲ့ လေပြေကို ကလေးလို သဘောထားပြီး ပြောတာတော့ လေပြေလက်မခံနိုင်ပါ....

Second ChanceWhere stories live. Discover now