အပိုင်း (၂)

9K 597 5
                                    

Unicode

"ပြန်လာပါ...အိပ်မက်လေးရယ်..ဒီအချိန် အပြင်မှာ ရက်စက်တဲ့ ညတွေ...မင်းရဲ့ကမ္ဘာမြေထဲ သူ့မျက်နှာလေးအား...ယူဆောင်ပေးပါလားကွာ..."

တီးတိုးထွက်လာသော alarm သံနဲ့အတူ နှိုးသွားသော်လဲ မထသေးဘဲ ခေတ္တမှိန်းနေမိသည်...

ဇော်က သူများတွေလို alarm ringtoneတွေ မသုံးဘဲ ဒီသီချင်းကိုပဲ ထားတာဖြစ်သည်...ဘယ်အချိန်ထဲကလဲဆိုရင်တော့ ကိုယ့်ခံစားချက်ကို ကောင်းကောင်းသိလာပြီး သူ့ကို အရမ်းလွမ်းဆွတ်မိတဲ့အချိန်မှစ၍ပါ....

သီချင်းထဲကလို အလွမ်း​တွေ လွင့်ပြယ်ဖို့ကိုတော့
တိတ်တခိုး မျှော်လင့်မိပါသည်....

အိပ်ရာမှထကာ ရေချိုးခန်းထဲဝင် ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲကာ မှန်ရှေ့ရပ်မိသည်...

မှန်ထဲတွင် ပခုံးထိရုံ ကုပ်လဲမဟုတ် ပါးရိုးနားတွင် ဟိုတစ်စ ဒီတစ်စကျနေသည့် ဆံပင်များနဲ့ အညိုရောင်ဖျော့ဖျော့ မျက်ဆံများ ရှိသည့် မြင်လိုက်သည်နဲ့ ထက်မြက်သည့် ပုံစံအပြည့်နှင့် ကောင်မလေးတစ်ယောက်ကို မြင်နေရသည်...

စတိုင်ပင်အနက်နှင့် ပေါ့ပေါ့ပါးပါး အကျီအဖြူ အသားပျော့ လက်တံတောင်ဆစ်လောက်လေးကို မှ လည်ဝိုင်းလေးနဲ့ v shapeခွဲထားတာလေးကို ဝတ်ထားသော်လဲ သူမပုံစံက လင်းလက်နေသည်...

သွယ်လျသော ကိုယ်ဟန် ၅ပေ ၇လက်မရှိသည့် သာမန်မိန်းကလေးတွေထက် ပိုမြင့်သော အရပ်နဲ့ အကျီအဖြူကြားမှ အနည်းငယ်ပေါ်ထွက်နေသော collar boneကလဲ သူမကို ဆွဲဆောင်မှုပိုသွားစေသည်...

ပြည့်စုံမှုရှိမရှိပြန်စစ်ရင်း ရေမွေးကောက်ဆွတ်ကာ အောက်ထပ်သို့ ဆင်းလာသည်...

"အလုပ်သွားတော့မလား သမီးလေး...ကြီးမေ ဒီမှာ ရှမ်းခေါက်ဆွဲ ပြင်ထားတယ်..စားသွားဦးနော်..."

"ဟုတ်ကဲ့ ကြီးမေ..."

ကြီးမေက ​ေဇာ်နဲ့ ဘာမှတော့မတော်ပါ...ငယ်စဥ်ကတည်းက အိမ်မှာ ရှိနေတဲ့ အိမ်အကူဖြစ်သော်လဲ ​ေဇာ့်ကို သံယောဇဥ်တော်တော်ကြီးရှာပါသည်...ထို့ကြောင့် ဇော်ဒီအိမ်ကို ပြောင်းလာတာ့ ခေါ်ထားလိုက်တာဖြစ်သည်...

Second ChanceWhere stories live. Discover now