အပိုင်း (၄)

8K 576 0
                                    

Unicode

ဆူညံသံ အချို့နဲ့အတူ လေပြေနိုးလာသည်...ခဏမှိန်းနေရင်း ဘာသံတွေလဲဟု စဥ်းစားနေမိသည်...ပုံမှန်ဆို လေပြေတို့တိုက်ခန်းတွဲမှာ ဆူဆူညံညံအသံတွေ ကြားရလေ့မရှိပါ...ဆက်မစဥ်းစားတော့ဘဲ အိပ်ရာမှထကာ ရေချိုးခန်းထဲ ဝင်လိုက်သည်....

ရေအေးအေးလေးနဲ့ချိုးတာမို့ လန်းဆန်းသွားရသည်...အဝတ်ဗီဒိုရှေ့မှာ ရပ်ရင်း ဘာဝတ်ရင်ကောင်းမလဲ စဥ်းစားမိသည်...မျက်လုံးက ဇာအမည်းရင်စေ့ခါးတိုဝမ်းဆက်လေးကို အကြည့်ရောက်သွားကာ လှမ်းယူရင်း ဝတ်လိုက်ရင် အဖြူအမည်းအရောင်သာ များသော တစ်ယောက်သောသူကို သတိရမိသေးသည်...သူ့အကြိုက် သူ့ပုံစံဒါတွေအားလုံးကို တကူးတကလိုက်မမှတ်ဘဲ မျက်စိထဲမှာစွဲနေသော ကိုယ့်ကိုကိုယ်လဲ အံသြမိသေးသည်...ခုထိကိုယ်ဟာသူ့ဆီမှ ရုန်းမထွက်နိုင်သေးပါလား...

အဝတ်အစားလဲကာ မျက်နှာကို နို့ရည်လိမ်းပြီး puffရိုက်ကာ နှုတ်ခမ်းနီဖျောဖျော့လေး ဆိုးသည်...ဆံနွယ်တွေကို အနောက်မှာ စုချည်လိုက်သည်...ပြီးနောက် လက်ကိုင်အိတ်ကိုယူကာ အောက်ကိုဆင်းလာသည်...

"မီးငယ်.. ဒီနေ့စောသားပဲ..."

အောက်ထပ်မှာ မနက်စာပြင်နေသည့် တီလေးက နှုတ်ဆက်သည်...

"ဟုတ်တယ် တီလေး... ညံနေတာနဲ့စောစောနိုးလာတာ...ဘာဖြစ်တာလဲဟင်.."

"အေး..တီလေးလဲ အဲဒါပြောမလို့လဲ...ဘေးခန်းကိုလေ လူသစ်ပြောင်းလာတာ..."

"သြော်..."

"လူကောင်းဖြစ်ပါစေတော့ ဆုတောင်းရတာပဲအေ..."

"ဟားဟား...တီလေးကလဲ ကိုယ့်တိုက်ခန်းမှာကိုယ်နေတာကို ဘာကိုမိတ်ကောင်းဆွေကောင်းတွေ မျှော်နေတာတုံး.."

"​မေျှာ်ရမယ် မီးငယ်ရဲ့...တီလေးတို့မှာ အရေးအကြောင်းဆို အားကိုးစရာ ယောကျာ်းသားမှမရှိတာ... အဖော်ရတော့ကောင်းတာပေါ့...."

"ခုပြောင်းလာတာ ယောကျာ်းလေးတွေတဲ့လား.."

"မသိသေးဘူး မီးငယ်ရဲ့...အိမ်ပြောင်းတာ serviceကို အပ်ထားတာနဲ့တူတယ်...ပိုင်ရှင်တော့မမြင်သေးဘူး ခုထိ..."

Second ChanceWhere stories live. Discover now